သင်္ဘောသီးအမှည့်ကို တစ်ပတ်တစ်ခါ ပုံမှန်လေးစားပေးသင့်ပါတယ်။ ဒီလို တစ်ပတ်တစ်ကြိမ်စားပေးရင် သင့်ခန္ဓာကိုယ်အတွက် ရရှိလာမယ့် ကောင်းကျိုးတွေကတော့…..

သင်္ဘောသီးအမှည့်မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ကိုလက်စထရောတွေ လျော့ကျလာစေတယ်။ သူ့မှာပါဝင်တဲ့ antioxidants နဲ့ ဗီတာမင်က နှလုံးရောဂါမဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

သင်္ဘောသီးအမှည့်ကို တစ်ပတ်တစ်ခါ ပုံမှန်စားပေးရင် သံကောင်တွေ၊ တုတ်ကောင်တွေကို ဖယ်ရှားပေးနိုင်တယ်။

သင်္ဘောသီးအမှည့်မှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီးပါဝင်လို့ ကိုယ်ခံအားစနစ် ပိုကောင်းလာစေတယ်။

သင်္ဘောသီးအမှည့်မှာက anti-inflammatory ဓာတ်ပါဝင်လို့ အသားအရေဖူးရောင်ခြင်း၊ နီရဲခြင်းနဲ့ အရေပြားမှာ အနီဖုပေါက်တာတွေကို လျော့ကျလာစေတယ်။

သင်္ဘောသီးအမှည့်မှာပါဝင်တဲ့ ဗီတာမင်အီးနဲ့ ဗီတာမင်စီ ပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင် တားဆီးပေးနိုင်တယ်။

သင်္ဘောသီးအမှည့်မှာပါဝင်တဲ့ ဗီတာမင်စီကြောင့် Stress တွေကို လျော့ကျစေတယ်။

သင်္ဘောသီးကို တစ်ပတ်မှာ တစ်ခါ ပုံမှန်လေးစားပေးသွားရင် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တယ်။

Source: www.brightside.me