ဗီတာမင်နဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ ကြက်သွန်နီက ခေါင်းကနေ ခြေဖျားအထိ သင့်အတွက် ကောင်းကျိုးမြောက်များစွာကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ စူပါအစားအစာအဖြစ် တင်စားခံရတဲ့ ကြက်သွန်နီကို များများ စားသုံးမယ်ဆိုရင်တော့ ယခုဖော်ပြပေးမယ့် အကျိုးကျေးဇူးမြောက်မြားစွာကို ခံစားရရှိနိုင်ပါတယ်။

အရိုး သိပ်သည်းဆကို မြှင့်တင်ပေးခြင်း

ကြက်သွန်နီကို နေ့စဉ်မှန်မှန်စားသုံးပေးပါက တစ်လကြာတဲ့အခါမှာတော့ သင့်အရိုးရဲ့ သိပ်သည်းဆက ၅ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာတယ်ဆိုတာကို လေ့လာတွေ့ရှိချက်များအရ သိရှိနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

ရောင်ရမ်းမှုကို လျော့ချပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် ကြက်သွန်နီက ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ ကိုယ်လက်စတောများကို လျော့ချပေးနိုင်ပါတယ်။ ရလာဒ်အနေနဲ့ နှလုံး အမြဲကျန်းမာနေစေဖို့ ကူညီပေးပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ကြက်သွန်နီမှာ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အူလမ်းကြောင်းရှိ ကောင်းသော ဘက်တီးရီးယားများအတွက် အကူအညီပေးပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

ဆဲလ်များ ပျက်စီးခြင်းကို လျော့ချပေးခြင်း

ကြက်သွန်နီမှာ Antioxidants အမျိုးပေါင်း ၂၅ မျိုး ပါဝင်တဲ့အတွက်ကြောင့် ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး ဆဲလ် ပျက်စီးခြင်းမှလည်း တားဆီးပေးပါတယ်။

အမြင်အာရုံကို ကောင်းမွန်စေပြီး ခံတွင်း အနံ့ဆိုးများကို ဖယ်ရှားပေးခြင်း

ကြက်သွန်နီက ပါးစပ်ထဲရှိ ဘက်တီးရီးယားဆိုးများကို ဖယ်ရှားပေးတာကြောင့် ခံတွင်းအနံ့ဆိုးများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ သွားများကို ခိုင်မာစေပြီး မျက်စိ တိမ်ဖုံးခြင်းမှလည်း ကာကွယ်ပေးကာ အမြင်အာရုံကောင်းမွန်စေပါတယ်။

ညဘက်တွင် နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ရန် ကူညီပေးခြင်း

ကော်လိုရာဒို တက္ကသိုလ်မှ ပြုလုပ်တဲ့ လေ့လာချက်အရ ကြက်သွန်နီ စားသုံးခြင်းက စိတ်ဖိစီးမှုကို ဖယ်ရှားပေးပြီး နှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်တယ်လို့ သိရှိရပါတယ်။

အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို နှောင့်နှေးစေခြင်း

ကြက်သွန်နီမှာ ပါဝင်တဲ့ ဗီတာမင် အေ၊ စီ၊ အီးတို့က အသားအရေ ကြည်လင်တောက်ပအောင် ကူညီပေးပါတယ်။ အမဲစက်များ၊ ဝက်ခြံများကိုလည်း ပျောက်ကင်းစေပါတယ်။ အခြားလေ့လာချက်တစ်ခုအရ ကြက်သွန်နီမှ ထွက်ရှိတဲ့ ကြက်သွန်ရည်ကို အမာရွတ်ပေါ်မှာ သုတ်လိမ်းပေးပါက အမာရွတ်များ ပျောက်ကင်းတယ်လို့ တွေ့ရှိရပါတယ်။

ကြက်သွန်နီရဲ့ အကျိုးကျေးဇူးတွေကို သိရှိသွားပြီဆိုတော့ စာဖတ်သူတို့လည်း ကြက်သွန်နီကို နေ့စဉ်မှန်မှန်စားသုံးကြပါလို့ ဒီဆောင်းပါးကနေတဆင့် အကြံပြုလိုက်ရပါတယ်။

Source: Brightside.me