အစားအစာ စွန့်ပစ်ပစ္စည်းများက ယနေ့ခေတ်မှာ အဖြစ်များတဲ့ အဓိကပြဿနာတစ်ခုဖြစ်ပြီး ထိုကဲ့သို့ ဖြစ်ပွားရခြင်းအကြောင်းအရင်းကတော့ အစားအစာများကို စနစ်တကျ မထိန်းသိမ်းခြင်းကြောင့်လည်းဖြစ်နိုင်သလို အစားအစာများ ရက်ပိုင်းအတွင်း သက်တမ်းကုန်ဆုံးသွားလို့လည်း ဖြစ်နိုင်ပါတယ်။

အစားအစာတွေရဲ့သက်တမ်းကုန်ဆုံးရက်ကလည်း အရေးကြီးသလို အစားအစာများ ကြာရှည်အထားခံအောင် နည်းမှန်လမ်းမှန်နဲ့ ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။

ဒါဆိုရင် မီးဖိုချောင်ရှိ အစားအစာများ အလွယ်တကူ ပုပ်သိုးမသွားအောင် အချိန်အကြာကြီး လတ်ဆတ်နေအောင် ဘယ်လိုသိမ်းဆည်းသင့်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ငှက်ပျောသီး

ပလပ်စတစ်အိတ်ကို ကြိုးပုံသဏ္ဍာန် ပြုလုပ်ပြီး ထိုပလပ်စတစ်ကြိုးဖြင့် ငှက်ပျောသီးကို တွဲလောင်းချိတ်ထားမ်ယဆိုရင်တော့ ငှက်ပျောသီးက အချိန်အကြာကြီး အထားခံပါလိမ့်မယ်။

လှီးပြီးသား ငှက်ပျောသီးများ မဲမသွားဖို့ရန်အတွက်

ငှက်ပျောသီးစိပ်များပေါ်မှာ သံပုယိုသီး (သို့) သံပုရာသီး ညှစ်ပေးလိုက်ပါ။ သံပုယိုရည်ကို သူ့ချည်းပဲ ညှစ်ထည့်လို့လည်း ရသလို ရေနဲ့ရောပြီးမှ ဆမ်းထည့်လို့လည်း ရပါတယ်။

ကွတ်ကီးများကို အချိန်အကြာကြီး အထားခံဖို့

ကွတ်ကီးပုလင်းထဲသို့ ပေါင်မုန့်တစ်ချပ် ထည့်ထားလိုက်ပါ။ ကွတ်ကီးများက အစိုဓာတ်ကို စုပ်ယူထားမှာဖြစ်ပြီး အချိန်အကြာကြီး လတ်ဆတ်နေပါလိမ့်မယ်။

ချိစ်များကို အကြာကြီး အထားခံချင်တယ်ဆိုရင်

ချိစ်များကို ပလပ်စတစ်ဖြင့် ထုပ်ပိုးထားမယ့်အစား ပန်းသီးရှာလကာရည်ဖြင့် သုတ်လိမ်းထားလိုက်ပါ။ ပန်းသီးရှာလကာရည်က ချိစ်များ မှိုမတက်အောင် ကူညီပေးပါလိမ့်မယ်။

ရွှေဖရုံသီး အချိန်အကြာကြီး အထားခံအောင်

အရင်ဦးဆုံး ရွှေဖရုံသီးကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောလိုက်ပါ။ ထို့နောက် သန့်စင်သော အဝတ်စဖြင့် ခြောက်သွေ့အောင် သုတ်ထားလိုက်ပါ။ ပြီးမှ ဆီအနည်းငယ်ဖြင့် အသာအယာသုတ်လိမ်းပေးလိုက်မယ်ဆိုရင် သင့်ရဲ့ရွှေဖရုံသီးက အချိန်တိုအတွင်း ပုပ်သွားမှာမဟုတ်ပါဘူး။

ကညွှတ်များကို ဘယ်လိုသိမ်းထားရမလဲ

ကညွှတ်တွေကိုတော့ ရေထည့်ထားတဲ့ ဖန်ခွက်ထဲ ထိုးစိုက်ထားမယ်ဆိုရင် ထိုကညွှတ်လေးက အချိန်ကြာကြာ လတ်ဆတ်နေမှာပဲဖြစ်ပါတယ်။

ဂျင်းကို ဘယ်မှာ သိမ်းထားသင့်သလဲ

ဂျင်းကို ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင်တော့ ၂ လကနေ ၉ လအထိ အထားခံပါတယ်။

စာဖတ်သူတို့အနေနဲ့လည်း မိမိ သိထားတဲ့ အစားအစာ ထားသိုနည်းလေးတွေရှိမယ်ဆိုရင်လည်း ဝေမျှပေးသွားခဲ့ဦးနော်။

Source: Brightside.me