တရုတ်နိုင်ငံကနေ ဆင်းသက်လာတဲ့ ဂျင်းဟာဆိုရင် မြန်မာနိုင်ငံမှာသာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါ ကျယ်ကျယ်ဝင့်ဝင့် အသုံးပြုနေကြပါတယ်။ ပြောမဆုံးနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပေးစွမ်းနိုင်သလို ထူးကဲဆန်းပြားတဲ့ အရသာလည်းရှိတာကြောင့် ဘက်မျိုးစုံကနေ အသုံးပြုနိုင်ပါတယ်။

ချက်ပြုတ်လိုက်သမျှ ဟင်းလျာတွေသာမက သောက်စရာ၊ စားစရာ အားလုံးကို ပိုပြီးအရသာရှိစေနိုင်တဲ့ ဂျင်းကိုစားသုံးခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့-

အစာခြေဖျက်အားကောင်းစေခြင်း

Source: Medical News Today

ဂျင်းစိတ်ကြီးကြီး အနည်းငယ်ကို ရေနည်းနည်းထဲထည့်ပြီးတော့ ပျားရည်လေးနဲ့အတူ ပြုတ်ပေးပါ။ အစာအိမ်နေထိုင်မကောင်းဖြစ်တဲ့အခါ ရလာတဲ့အရည်ကို သောက်သုံးပေးနိုင်ပါတယ်။

လည်ပင်းနာတာတွေနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေခြင်း

Source: Biotree Labs

ဂျင်းစိတ်တွေကို ရေပူပူထဲမှာ ပျားရည်နဲ့အတူထည့်ကြိုပါ။ ဒါ့အပြင် လီမွန်အနည်းငယ်လည်း ထည့်ပြီးတော့ သောက်သုံးပေးမယ်ဆိုရင် ချောင်းဆိုး၊ လည်ပင်းနာတွေနဲ့ နှာခေါင်းပိတ်တာတွေပါ သက်သာစေမှာဖြစ်ပါတယ်။

ကင်ဆာတိုက်ဖျက်ပေးခြင်း

Source: medicalnewstoday.com

ဂျင်းကိုမှန်မှန်သုံးစွဲပေးခြင်းဟာ အူမကြီးကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် လူကြီးသူမများကိုလည်း ဂရုတစိုက်နဲ့ကျွေးပေးပါ။

Featured Image Source: David Wolfe