ကိုယ်အလေးချိန် လျော့ချချင်သူများအနေနဲ့ အစားလျှော့နေရခြင်းက အင်မတန်ခက်ခဲပြီး မိမိကိုယ်ကို ချုပ်တည်းနေရတာကြောင့် စိတ်ပင်ပန်းစေပါတယ်။ ဒီလိုစိတ်ပင်ပန်းနေရခြင်းက သင် နည်းလမ်းအမှန် မသိသေးလို့ပဲဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းတွေကို သိသွားပြီဆိုရင်တော့ အစားလျော့ရခြင်းက ခက်ခဲတဲ့ပြဿနာ မဟုတ်တော့ပါဘူး။

အစပ် များများစားပါ

မိမိစားသုံးမယ့် အစားအစာပေါ်မှာ ငရုတ်သီးမှုန့် (သို့) ငရုတ်သီးတောင့်လေး ထည့်ပြီး ဟင်းသီးဟင်းရွက်များများနဲ့ စားသုံးခြင်းက ဆာလောင်မှုကို လျော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ ငရုတ်သီးက ကယ်လိုရီများများ လောင်ကျွမ်းစေပြီး အစားအစာ အလွန်အကျွံ စားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

ရှည်မျောမျောခွက်ဖြင့် အအေး သောက်ပါ

သကြားဓာတ်လွန်ကဲတဲ့ အချိုရည်များက ဝိတ်လျော့နေသူအတွက်တော့ ရန်သူပါပဲ။ တကယ်လို့ မချုပ်တည်းနိုင်ဘူး။ အလွန်အမင်း သောက်ချင်နေပြီဆိုရင်တော့ ရှည်မျောမျာခွက်ထဲ ရေခဲတုံးများများ ထည့်သောက်နိုင်ပါတယ်။

ပက်ပါမင့် ရေနွေးကြမ်းသောက်ပါ

ပက်ပါမင့်ရဲ့အနံ့နဲ့ အရသာက အစား စားချင်စိတ်ကို ဖျက်ဆီးပေးပြီး ကိုယ်အလေးချိန် ကျစေဖို့ ကူညီပေးပါတယ်။

မိမိ အား မသန်သော လက်ဖြင့် အစားစားပါ

ဘယ်သန်များက ညာလက်များ ထမင်းစားခြင်း၊ ညာသန်များက ဘယ်လက်ဖြင့် ဇွန်းကိုင်ကာ ထမင်းစားသုံးခြင်းအားဖြင့်လည်း မိမိရဲ့အစား အလွန်အကျွံ စားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

အနီရောင်ပန်းကန်ဖြင့် ထမင်း စားပါ

လေ့လာချက်အရ အနီရောင် ပန်းကန်ဖြင့် အစား စားခြင်းက အလွန်အမင်း စားချင်စိတ်ကို လျော့ချပေးပြီး သင့်ရဲကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

ပန်းကန်သေးသေးဖြင့် အစားစားပါ

ပန်းကန်အသေးဖြင့် စားသုံးခြင်းအားဖြင့် မိမိစားသုံးမယ့် ပမာဏကို ချင့်ချိန်နိုင်ပြီး ဝိတ်ကျဖို့ ပိုမြန်ပါတယ်။

အစား မစားခင်မှာ ရေတစ်ခွက် အရင်သောက်ပါ

ရေငတ်ခြင်းကို ဗိုက်ဆာတယ်လို့ လူအချို့က အထင်မှားတတ်ကြပါတယ်။ ဒါ့ကြောင့် ထမင်းစားဖို့ မပြင်ခင်မှာ ရေတစ်ခွက် အဝသောက်ပြီးမှ ထမင်းစားသင့်ပါတယ်။

ဟင်းသီးဟင်းရွက် များများ ထည့်စားပါ

ဟင်းသီးဟင်းရွက်များက သင့်ကို ကယ်လိုရီ မတက်အောင် ကူညီပေးတဲ့အတွက်ကြောင့် သင့်ရဲ့ကိုယ်အလေးချိန်ကိုလည်း တက်မလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

Source: Brightside.me