အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေအကုန်လုံးဟာ လူသားအားလုံးရဲ့ကိုယ်ခန္ဓာကို ကောင်းကျိုးများဖြည့်စွမ်းပေးနိုင်ပါတယ်။ ထိုအထဲကမှ လိမ္မော်သီးများဟာ ဗီတာမင်စီပါဝင်မှုအလွန်များပြားပြီး အင်မတန်ကောင်းမွန်သည့်အရသာကို ပေးစွမ်းနိုင်ရုံသာမက အိမ်ကိုလည်းမွှေးရနံ့သင်းထုံစေပါတယ်။ ဒီအတိုင်းစားတာပဲဖြစ်ဖြစ်၊ အရည်သောက်သုံးပေးတာပဲဖြစ်ဖြစ် စိတ်ကြိုက်ပုံစံနဲ့စားသုံးနိုင်သော်လည်း ရေနှင့်ရောစပ်ပြီးသောက်သုံးတ့အခါမှာ အရသာပိုမိုကောင်းမွန်စေရုံသာမက ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပစ်နိုင်ပါတယ်။

လိမ္မော်သီး၏အသား၊ အူတိုင်၊ အခွံ အကုန်လုံးမှာ စွမ်းအားမျိုးစုံပါဝင်ပြီး လိမ္မော်ရည်ကိုရေနှင့်တွဲဖက်သောက်သုံးပေးတဲ့အခါမှာ ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိလာနိုင်သလဲဆိုတာ မသိသေးသောသူများအတွက် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

ကင်ဆာတိုက်ဖျက်ပေးခြင်း

ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ စပျစ်သီး၊ ထောပတ်သီး နဲ့ နာနတ်သီးရဲ့ အကျိုးကျေးဇူး

အဆုတ်၊ ရင်သား၊ ခံတွင်း၊ အရေပြားနှင့် အူမကြီးတို့တွင် ကင်ဆာရောဂါဖြစ်ပွားမှုကို တိုက်ထုတ်ပေးနိုင်တဲ့ liminoids နှင့် carotenoids ဟုခေါ်သော ဒြပ်ပေါင်းများပါဝင်ပါတယ်။

ဖိုက်ဘာကြွယ်ဝခြင်း

အူများကို သန့်စင်ပေးနိုင်သည့် ဖိုက်ဘာပါဝင်ပြီး ခန္ဓာကိုယ်အတွင်းမှ ကိုလက်စထရောများကို ထုတ်ပစ်ကာ သွေးချိုပမာဏကိုထိန်းချုပ်ပေးပါတယ်။

ကိုလက်စထရောလျော့ချပေးခြင်း

Cholesterol

အသီးနှင့်အခွံတွင်ပါဝင်သည့် Hesperidin သည် ကိုလက်စထရောနှင့် သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။

ကိုယ်တွင်းအနာများဖြစ်ပေါ်မှုကို ကာကွယ်ပေးခြင်း

ဗီတာမင်စီသည် အစာအိမ် သို့မဟုတ် အူများတွင် H. pylori ဘတ်တီးရီးယားတွယ်ကပ်ခြင်းဖြင့် အနာများဖြစ်တည်မှုကို ဟန့်တားပေးပါတယ်။

အသည်းကျောက်တည်မှုကို တားဆီးပေးခြင်း

လိမ္မော်ရည်ကိုသောက်သုံးပေးခြင်းဖြင့် အချဉ်ဓာတ်သည် ဆီးအတွင်းသို့ရောက်သွားသည့်အတွက် အသည်းတွင် ကျောက်များဖြစ်ပေါ်မှုကို ပိတ်ဆို့ပေးနိုင်ပါတယ်။

အသားအရေတိုးတက်ကောင်းမွန်စေခြင်း

လိမ္မော်သီးအရည်ကို အသုံးပြုပြီး မျက်နှာပေါ်တွင် တိုနာအနေဖြင့်အသုံးပြုပေးခြင်းသည် ချွေးပေါက်များကို သန့်ရှင်းပေးပြီး ကျဉ်းမြောင်းသွားစေပါတယ်။ သည့်အပြင် ရောင်ခြည်လှိုင်းများမှ အသားအရေပျက်စီးအိုမင်းခြင်းကို ကာကွယ်ပေးပြီး ဝင်းလက်တောက်ပမှုရှိစေပါတယ်။

မျက်လုံးကိုထောက်ပံ့ပေးခြင်း

ဗီတာမင်စီအပြင် ဗီတာမင်အေနှင့်ပိုတက်စီယမ်တို့သည်လည်း ပါဝင်တာကြောင့် မျက်လုံးအားကို ကောင်းမွန်စေပါတယ်။

ကိုယ်အလေးချိန်ကျရန် ကူညီပေးခြင်း

လိမ္မော်သီးဖျော်ရည်ကို မနက်ခင်းတွင်သောက်သုံးပေးပါက တနေကုန်လုံး အဆိပ်အတောက်များကိုဖယ်ရှားနိုင်ရန်နှင့် ဗိုက်အဆီဖယ်ရှားရန်တို့ကို ကူညီပေးနိုင်ပါတယ်။ အစာမစားမှီ လိမ္မော်သီးဖျော်ရည်သောက်သုံးပေးခြင်းက ဗိုက်အင့်ခြင်းကို ဖြစ်ပေါ်စေသောကြောင့် အစားများများစားခြင်း၊ မကြာခဏဗိုက်ဆာခြင်းတို့ မဖြစ်ပေါ်နိုင်တော့ပေ။

အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲမှုကို သက်သာစေခြင်း

ဗီတာမင်စီနှင့် Antioxidants များပါဝင်သည့် လိမ္မော်သီးဖျော်ရည်ကို မနက်ခင်းတွင် သောက်သုံးပေးခြင်းက ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။