အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းဆိုတာ အသက်ကြီးတဲ့သူတွေသာ ခံစားရပြီး အသက်ငယ်ရွယ်သူတွေနဲ့ မသက်ဆိုင်ဘူးလို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ယနေ့ခေတ်ရဲ့ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုအလေ့အကျင့်တွေကြောင့် အသက် ၂၀ ကျော် လူငယ်တွေမှာလည်း အဆစ်ရောင်ရောဂါကို ခံစားရနိုင်ချေ မြင့်မားလာပါတယ်။

ခန္ဓာကိုယ်ထဲရှိ ကိုယ်ခံစွမ်းအားက သူ့ရဲ့ကိုယ်ပိုင်တစ်သျှူးကို ပြန်လည်တိုက်ဖျက်မိတာကြောင့် အဆစ်ရောင်ရမ်းရခြင်းဖြစ်ပြီး အစပိုင်းမှာတော့ နာကျင်မှု အနည်းငယ်ကိုသာ ခံစားရမှာဖြစ်ပေမယ့် မကုသဘဲ အချိန်ကြာလာမယ်ဆိုရင်တော့ နာကျင်မှုက ပိုင်မိုပြင်းထန်လာနိုင်ပါတယ်။

ဒီလိုအဆစ်အမြစ်ရောင်ရမ်းနာကျင်လာတဲ့အခါ အခုဖော်ပြပေးမယ့် အစွမ်းထက်အစားအစာများကို များများ စားသုံးပေးသင့်ပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်က ရောင်ရမ်းမှုကို လျော့ချပေးပြီး အဆစ်မြစ်နာကျင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါ။

ဂျင်း

ဂျင်းကို လွန်ခဲ့တဲ့ နှစ် ထောင်ပေါင်းများစွာကတည်းက ရောင်ရမ်းမှုကို ကုသဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ ဒါ့အပြင် ဂျင်းက မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အမျိုးသမီးများ ဓမ္မတာကြောင့် နာကျင်ကိုက်ခဲခြင်းဝေဒနာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ပန်းပွင့်စိမ်း စားသုံးပါ

လေ့လာစမ်းသပ်ချက်တစ်ခုအရ အမျိုးသမီး ၁၀၀၅ ကို Broccoli စားသုံးခိုင်းစေတဲ့အခါ အဆစ်မြစ်နာကျင်ခြင်းကို သက်သာပျောက်ကင်းစေတယ်ဆိုတဲ့အချက်ကို သိရှိခဲ့ရပါတယ်။

သင့်အနေနဲ့ ဂျင်းနဲ့ နနွင်းမှုန့် မကြိုက်ရင်တောင်မှ ပန်းဂေါ်ဖီစိမ်းကို များများ စားသုံးပေးသင့်ပါတယ်။

ဘယ်ရီသီးများ

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့ ဘလက်ဘယ်ရီသီးများမှာ ပါဝင်တဲ့ Antioxidants များက ရောင်ရမ်းနာကျင်ခြင်းကို လျော့ချပေးနိုင်ရုံသာမကဘဲ အသားအရေအလှအပအတွက် အသုံးတည့်တဲ့ သစ်သီးများပဲဖြစ်ပါတယ်။

ဟင်းနုနွယ်

အဆစ်အမြစ်ရောင်ရောဂါကြောင့် ခံစားနေရတဲ့ နာကျင်မှုကို အာဟာရဓာတ်နဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းနုနွယ် စားသုံးခြင်းဖြင့်လည်း တိုက်ဖျက်နိုင်ပါတယ်။

အထက်ဖော်ပြပါ အစားအစာများအပြင် ငါးကြီးဆီ မှီဝဲခြင်း၊ အိုမီဂါသရီး ဖက်တိအက်ဆစ်နှင့် ဗီတာမင် ဒီတို့ ကြွယ်ဝစွာပါဝင်တဲ့ ငါးများ စားသုံးခြင်း၊ ကြက်သွန်ဖြူ၊ စပျစ်သီးနှင့် သံလွင်ဆီတို့ စားသုံးကာ နာကျင်မှုဝေဒနာကို သက်သာပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

Source: Healthline.com