ချိုမြိန်သောအရသာနှင့် ဆေးဖက်ဝင်အကျိုးအာနိသင်တို့ကြောင့် ပျားရည်ကိုနှစ်ပေါင်းထောင်ချီကြော်ကြာသည့်တိုင် အသုံးပြုနေကြပါတယ်။ အချို့သော အလှကုန်ပစ္စည်းများ သို့မဟုတ် လိမ်းဆေးများတွင်လည်း ပျားရည်ကိုထည့်သွင်းအသုံးပြုတတ်ကြတာကို တွေ့မြင်နိုင်မှာပါ။

ပျားရည်သည်အနာကျက်ရန်နှင့် အသားအရေပြဿနာအသေးအမွှားလေးများတွင်လည်း မကြာခဏအသုံးပြုတတ်ကြပါတယ်။ ထိုကဲ့သို့ ကောင်းကျိုးပေါင်းမြောက်များစွာနှင့် ပြည့်နှက်နေသည့် ပျားရည်ကို နေ့စဉ်မှန်မှန်သုံးစွဲပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်အတွင်း ဘယ်လိုအံ့သြဖွယ်ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်လာစေနိုင်သလဲဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

စွမ်းအင်မြှင့်တင်ပေးခြင်း

လေ့ကျင့်ခန်းလုပ်ဆောင်ပြီးနောက် သို့မဟုတ် မနက်စောစောအချိန်ပိုင်းတွင် စားသုံးပေးဖို့ အထူးသင့်တော်ပါတယ်။ ပျားရည်အတွင်းရှိ သကြားပါဝင်မှုနှုန်းသည် ခန္ဓာကိုယ်ကို သကြားမများသွားစေဘဲ ဂလူးကို့စ်ပမာဏကို မြှင့်တင်ပေးနိုင်ပါ

တယ်။ လက်ဖက်ရည်ဇွန်း ၁ သို့မဟုတ် ၂ ဇွန်းခန့်ပမာဏကို ရေနှစ်ခွက်ဖြင့် ရောစပ်သောက်သုံးပေးပါ။

အစာအိမ်ပြဿနာများကို ဖြေရှင်းပေးခြင်း

မအီမသာဖြစ်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲခြင်း၊ လေထခြင်း၊ အစာမကြေခြင်းနှင့် အချဉ်ပေါက်ခြင်း သို့မဟုတ် ဗိုက်အောင့်သည့်အချိန်များတွင် ပျားရည်အနည်းငယ်ကို စားသုံးပေးပါ။ ပျားရည်တွင်ပါဝင်သည့်အန်ဇိုင်းများသည် အူ၊ ကလီစာကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတာကြောင့် ပျားရည်ကိုသစ်ကြံပိုးခေါက်နှင့်ရောစပ်သောက်သုံးပေးခြင်းက ရောင်ရမ်းခြင်းနှင့် ဗိုက်အောင့်၊ ဗိုက်နာခြင်းများကို သက်သာစေပါတယ်။

အိပ်စက်မှုကိုအထောက်အကူဖြစ်ခြင်း

အိပ်ရာသို့မဝင်ခင် ပျားရည်တစ်ဇွန်းကိုသောက်သုံးပေးပါ။

မှတ်ဉာဏ်အားကောင်းစေခြင်း

နယူးဇီလန်မှသုတေသီတို့၏ ဖော်ပြချက်များအရ ပျားရည်ကိုသုံးစွဲပေးခြင်းက ဦးနှောက်ယိုယွင်းပျက်စီးမှုကို လျော့ချပေးနိုင်ပါတယ်။ မှတ်ဉာဏ်အားနှင့် အာရုံစူးစိုက်နိုင်စွမ်းအားလည်း ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျော့ချပေးခြင်း

တစ်ဇွန်းအပြည့် ပျားရည်ကိုစားသုံးပေးခြင်းက ဆာလောင်မှုနှင့်ကယ်လိုရီများကို ဖြတ်တောက်ရာတွင် ကူညီပေးနိုင်ပါတယ်။ ပျားရည်တွင်သကြားပါဝင်တာမှန်ပေမယ့်လည်း သကြားတွင်မတွေ့ရှိနိုင်သည့် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အန်ဇိုင်းများနှင့် အမီနိုအက်စစ်တို့ ပေါင်းစပ်ပါဝင်ပါတယ်။

ပျားရည်တစ်ဇွန်းအပြည့်ကို ရေနွေးတစ်ခွက်ထဲတွင်ရောစပ်ပြီး သောက်သုံးပေးပါက ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။

ကိုယ်ခံအားဆောက်တည်ပေးခြင်း

ပျားရည်တွင် antioxidants နှင့် antibacterial ဒြပ်ပေါင်းများပါဝင်သည့်အတွက် ကင်ဆာ၊ အသည်းရောဂါ သို့မဟုတ် နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် ဘတ်တီးရီးယားများ၊ ရောဂါပိုးများ ကူးစက်မှုမှ တိုက်ဖျက်နိုင်သည့် စနစ်ကိုလည်း အားဖြည့်ရန်ကူညီပေးပါသေးတယ်။

ကိုလက်စထရောလျော့ကျစေခြင်း

ကိုလက်စထရောတိုက်ဖျက်သည့် စွမ်းဆောင်ရည်မျာကို မြှင့်တင်ပေးနိုင်ရန်အတွက် သစ်ကြံပိုးခေါက်နှင့်တွဲဖက်ပြီး စားသုံးပေးပါ။

ပန်းနာရင်ကြပ်သက်သာစေခြင်း

လည်ပင်းနာခြင်း၊ အသက်ရှူရကြပ်ခြင်း စသည့်အခြေအနေများကို ကုသရန်အတွက် ပျားရည်ကို မျိုးဆက်တိုင်း အသုံးပြုလာခဲ့ပါတယ်။ ရုတ်တရက်အသက်ရှူမရခြင်း၊ အပြင်းအထန်ချောင်းဆိုးခြင်း စသည့်အခြေအနေများဖြစ်ပေါ်လာမှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သွေးချိုကိုထိန်းညှိပေးခြင်း

ဆီးချိုသမားများအတွက်တော့ ပျားရည်ကိုသုံးစွဲပေးခြင်းသည် ဆရာများနှင့်ဆွေးနွေးရန်လိုအပ်သည်မှန်သော်လည်း အဆင့်တစ်နှင့် အဆင့်နှစ်ရှိသည့်ဆီးချိုရောဂါများအတွက်တော့ သွေးချိုကိုလျော့ကျစေပါတယ်။