စာဖတ်သူက ဆီးချိုရောဂါကို ခံစားနေရသူတစ်ယောက်လား။ ဆီးချိုရောဂါ ခံစားရသူတစ်ယောက်အဖို့ သူ့ရဲ့နေထိုင်မှုပုံစံနဲ့ အစားအသောက် စားသုံးပုံတို့ကို အရင်ကထက် ပိုပြီးပြောင်းလဲထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ်။

ဆရာဝန် ညွှန်ကြားတဲ့ ဆေးများကိုလည်း ပုံမှန် သောက်သုံးပေးဖို့ လိုအပ်သလို ဆီးချိုရောဂါကို လျော့ချပေးနိုင်တဲ့ အစားအစာများကိုလည်း များများမှီဝဲသင့်ပါတယ်။

တရုတ်ရိုးရာဆေးနည်းတစ်ခုကတော့ သရက်အရွက်က ဆီးချိုရောဂါကို ကုသပေးနိုင်တယ်လို့ ဆိုထားပါတယ်။ အစွမ်းထက်လှပါတယ်ဆိုတဲ့ သရက်သီးအရွက်က ဆီးချိုရောဂါတင်မကပါဘူး။ ရင်ကြပ်ရောဂါကိုလည်း ကုသပေးနိုင်ပါတယ်။

ထိုအဆိုကို သိပ္ပံပညာရှင်များကလည်း မှန်ကန်ကြောင်းအတည်ပြုထားကြပါတယ်။ ၂၀၁၀ ခုနှစ်မှာ ကြွက်များကို သရက်သီးအရက်များ စားသုံးစေပြီး သရက်သီးအရွက် စားသုံးတဲ့ ကြွက်တွေက သရက်သီးအရွက် မစားတဲ့ကြွက်တွေထက် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ သရက်သီးရဲ့အရွက်က ကလူးကို့စ်ဓာတ်ကို စုပ်ယူနိုင်လို့ပဲဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ကတော့ ထိုသရက်အရွက်များက Pectin ဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင်စီဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ထိုဓာတ်တွေက ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ကိုလက်စတောများကို ဖယ်ရှားပေးနိုင်ပါတယ်။

Source: Timesofindia.indiatimes.com

တတိယအချက်အနေနဲ့ကတော့ သရက်အရွက် ဆီးချိုရောဂါလက္ခဏာများကို သက်သာပျောက်ကင်းစေပါတယ်။ မှန်မှန်မှီဝဲသုံးစွဲမယ်ဆိုရင်တော့ အိပ်ပျော်စဉ်မှာ မကြာခဏအပေါ့သွားချင်သောကြောင့် အိပ်ရေးပျက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်းနှင့် ရုတ်တရက် ကိုယ်အလေးချိန် ရုတ်ချည်း လျော့ကျသွားခြင်းတို့မှ ကာကွယ်ပေးပါတယ်။

သရက်သီးအရွက်ကို ဆီးချိုရောဂါအတွက် ဘယ်လိုအသုံးပြုရမလဲဆိုရင်တော့

Source: English.newstracklive.com

သရက်သီးအရွက် ၁၅ ရွက်ခန့်ကို ရေ ၁၀၀ မီလီလီတာ (သို့) ၁၅၀ မီလီလီတာဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ရရှိလာတဲ့ အရွက်ပြုတ်ရည်ကို ညအိပ်ရာ ဝင်ခါနီးပဲဖြစ်ဖြစ်၊ မနက်စာ မစားခင်ပဲဖြစ်ဖြစ် သောက်သုံးပေးနိုင်ပါတယ်။ သုံးလတိတိ မှန်မှန်သောက်သုံးပေးမယ်ဆိုရင်တော့ သုံးလကြာတဲ့အခါမှာ သိသာထင်ရှားတဲ့အကျိုးရလာဒ်ကို မြင်တွေ့နိုင်ပါတယ်။

Source: Femina.in