ဂေါ်ဖီထုပ်က ကျန်းမာရေးနဲ့ညီညွတ်ရုံတင်မကပဲ အရသာရှိတဲ့ ဈေးနှုန်းသက်သာတဲ့ အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။

အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပြီး အသုတ်၊ ဟင်းချို၊ တို့စရာတို့အဖြစ်လည်း စားသုံးကြပါတယ်။

ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်၊ ဖောလစ်၊ မဂ္ဂနီစ်၊ ကယ်ဆီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B6, K နဲ့ C ၊ ဗီတာမင် A၊ သံဓာတ် နဲ့ Riboflavin ဓာတ်တွေ ပါဝင်နေပါတယ်။

ခါးကို သေးသွယ်စေ

ကိုယ်အလေးချိန် ကျချင်သူတွေအတွက် ဂေါ်ဖီထုပ်ကလည်း ကောင်းပါတယ်။

ကော်ဖီထုပ်တစ်ထုပ်မှာ ကယ်လိုရီ ၂၂ ဘဲပါပါတယ်။ ဂေါ်ဖီထုပ်မှာ အူတွေက အလွယ်တကူ မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် အစာအိမ်အတွက်လည်း ကောင်းပါတယ်။

ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ခဏခဏ ဗိုက်ဆာတာမျိုးမဖြစ်စေဘဲ ခန္ဓာကိုယ်ကိုလည်း ရေဓာတ်ပြည့်ဝစေပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေး

ဂေါ်ဖီထုပ်မှာ ဗီတာမင် စီပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ အဲ့ဒီအပြင် ဗီတာမင် စီက အပင်တွေမှာတွေ့ရတဲ့ သံဓာတ်တစ်မျိုးဖြစ်တဲ့ non-heme iron လည်းပါဝင်တာကြောင့် ကိုယ်ခံအားကို ပိုဖြစ်စေပါတယ်။

ဂေါ်ဖီထုပ်ကို မီးအားပြင်းပြင်းနဲ့ ချက်တာမျိုးဆိုရင် ပါဝင်တဲ့ ဗီတာမင် စီဓာတ်တွေပျက်စီးစေတာကြောင့် ပေါင်းတာမျိုး သို့ အစိမ်းစားတာမျိုးနဲ့ ပိုစားပေးသင့်ပါတယ်။

အစာခြေစနစ်ကို မြှင့်တင်ပေး

ဂေါ်ဖီမှာ အမျှင်ဓာတ်တွေပါဝင်တာကြောင့် ဝမ်းချုပ်တာမှလည်း ကာကွယ်ပေးပါတယ်။ ပါဝင်တဲ့အမျှင်ဓာတ်တွေက အစာအိမ်ဟောင်းလှုပ်ရှားမှုကို အားကောင်းစေပြီး ဝမ်းမှန်ပြီး ပေါ့ပါးသွက်လက်စေပါတယ်။