အနီရောင်အသားတွေဆိုတာက အနီရောင်ရှိတဲ့အသားတွေဖြစ်တဲ့ ဝက်သား၊ အမဲသား၊ ဆိတ်သား စတာတွေကို ဆိုလိုပါတယ်။ အနီရောင် အသားတွေမှာ ကိုလက်စထရောတွေ Saturated Fat ပါဝင်တာကြောင့် ကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုကြပေမယ့် သူတို့မှာ တခြား အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။

ပရိုတင်းဓာတ်

red-meat

အနီရောင် အသား ၃ အောင်စမှာတောင် အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ နေ့စဉ် လိုအပ်တဲ့ ပရိုတင်းဓာတ် တစ်ဝက်လောက်ပါဝင်ပြီးသားဖြစ်ပါတယ်။

ကြွက်သားတွေနဲ့ ပျက်စီးနေတဲ့ တစ်ရှူးတွေ ပြန်လည် တည်ဆောက်ဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကို အနီရောင်အသားတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်ကနေ ရရှိပါတယ်။

အဲ့ဒီအပြင် ဖျားနာခြင်းကနေ ကာကွယ်နိုင်တဲ့ အင်ဇိုင်းတွေ ဟော်မှုန်းဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

ပရိုတင်းဓာတ်က ဗိုက်ပြည့်သလိုခံစားရနေတာကြောင့် အစာခဏခဏ မစားမိတော့ဘဲ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။

သံဓာတ်

image_heme iron

အနီရောင်အသားတွေမှာ သံဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် တစ်ပတ်မှာ ၁ ကြိမ်၊ ၂ ကြိမ်လောက် စားပေးရုံနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သံဓာတ်တွေဖြည့်ဆည်းပေးနိုင်ပါတယ်။ သွေးနီဥ ဆဲလ်တွေက အောက်စီဂျင်သယ်ဆောင်ပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ပို့ဆောင်ဖို့ သံဓာတ်တွေ လိုအပ်ပါတယ်။

ဇန့်ဓာတ်

hmil800

ကြွက်သားတွေ တည်ဆောက်၊ ကိုယ်ခံအားစနစ်တွေ မြှင့်တင်တာနဲ့ ဦးနှောက်ကျန်းမာရေးအတွက် ဇန့်ဓာတ်လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်က ဇန့်ဓာတ် 15 mg နေ့စဉ်လိုအပ်ပြီး အနီရောင်အသား 85 g မှာ ဇန့်ဓာတ် 5.5 mg ပါဝင်ပါတယ်။

ဗီတာမင် B ဓာတ်

ဗီတာမင် B ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်နဲ့အာရုံကြောစနစ်ကို ကောင်းစေပါတယ်။ အဲ့ဒီအပြင် အစာခြေစနစ်၊ မျက်လုံးနဲ့ အသားအရေ ကျန်းမာရေးကို အားကောင်းစေပါတယ်။