သခွားသီးလတ်လတ်ဆတ်ဆတ်လေးက အခုလို ပူအိုက်တဲ့ ရာသီမှာ အရမ်းကောင်းပါတယ်။ ရေဓာတ်တွေ၊ Electrolytes ၊ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။

သခွားသီးက Cucurbitaceae မိသားစုဝင်ဖြစ်ပြီး ဗရုံသီးတို့နဲ့ အမျိုးတူပါတယ်။

သခွားသီးတွေကို အဓိက ဟိမဝန္တာမြောက်ပိုင်း အိန္ဒိယနိုင်ငံနားမှာ စတင်တွေ့ရှိခဲ့ရပြီး အခုဆိုရင်တော့ တစ်ကမ္ဘာလုံးမှာ စိုက်ပျိုးနေကြပါပြီ။

ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ ဗီတာမင် K၊ ဗီတာမင် B ၊ ဗီတာမင် C တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

လတ်ဆတ်လန်းဆန်းစေ

သခွားသီးတွေမှာ ရေဓာတ်ပါဝင်မှုများတာကြောင့် လတ်ဆတ်လန်းစေပါတယ်။ အရသာလည်းရှိပါတယ်။

အဆိပ်အတောက်တွေ ဖယ်ရှားပေး

ရေဓာတ်ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ကျောက်ကပ်မှာရှိတဲ့ ကျောက်တွေကိုလည်း အရေပျော်သွားစေပါတယ်။

ဆီးချိုကို တိုက်ဖျက်ပြီး သွေးဖိအားကို ထိန်းညှိပေး

သခွားသီးမှာ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တို့ ကြွယ်ဝတာကြောင့် သွေးဖိအားနဲ့ ကိုလက်စထရောဓာတ်ကို လျော့ချပေးပြီး အင်ဆူလင်ဓာတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။

ကျောက်ကပ်လုပ်ဆောင်မှုကို တိုးမြှင့်ပေး

သခွားသီးမှာပါဝင်တဲ့ဓာတ်တွေက ကျောက်ကပ်ကို ဒုက္ခပေးနိုင်တဲ့ Uric အက်ဆစ်ဓာတ်ပါဝင်မှုကို လျော့ချပေးပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး

သခွားသီးတွေမှာ ဗီတာမင် C ၊ A နဲ့ B တို့ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်

သခွားသီးတွေမှာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ Silicon တို့ပါဝင်တာကြောင့် အရေပြားကို ချောမွတ်ပြီး အသားအရေကို ညီညာစေပါတယ်။

အရိုးအဆစ်ကျန်းမာရေးကို မြှင့်တင်ပေး

သခွားသီးမှာ Silicon ဓာတ်ပါဝင်တာကြောင့် အရိုးအဆစ်တွေကို သန်မာစေပြီး အရိုးအဆစ်တွေကို ကိုက်ခဲစေတဲ့ Uric အက်ဆစ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။

အစာခြေခြင်းနဲ့ကိုယ်အလေးချိန် လျော့ချခြင်း

အမျှင်ဓာတ်၊ ရေဓာတ်တွေပါဝင်တာကြောင့် ကယ်လိုရီပါဝင်မှုနည်းပြီး အစာခြေစနစ်ကို အားကောင်းစေကာ ကိုယ်အလေးချိန် ကျစေပါတယ်။

အရက်နာကျတာကိုလည်း သက်သာစေ

သခွားသီးမှာ Electrolytes ဓာတ်၊ သကြားဓာတ်နဲ့ ဗီတာမင် B ဓာတ်တို့ပါဝင်တာကြောင့် ခေါင်းကိုက်တာကို သက်သာစေပြီး အရက်နာကျတာကို ပျောက်ကင်းစေပါတယ်။