Night Out ထွက်ရင်းသောက်မိလိုက်တဲ့အရက်တွေက ကယ်လိုရီ ၁ ထောင်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ သတိမထားမိကြပါဘူး။

ပွဲလမ်းသဘင်တွေများတဲ့နေ့တွေ၊ သူငယ်ချင်းမွေးနေ့စတာတွေများနေရင် ညတိုင်းလိုလို အပြင်ထွက်ပြီး သောက်ဖြစ်သွားတတ်ပါတယ်။

ဒါ့ကြောင့် ဘားတွေမှာရတတ်တဲ့ လူကြိုက်များတဲ့ အရက်တွေရဲ့ ကယ်လိုရီပါဝင်မှု ပမာဏကို ဝေမျှချင်ပါတယ်။

Margarita

Margarita 4 အောင်စကို ကယ်လိုရီ ၁၆၈လောက်ပါဝင်ပါတယ်။

Margarita က Tequila ၊ Triple Sec နဲ့ သံပုရာရည်တို့နဲ့ပြုလုပ်ထားပါတယ်။ ဒါပေမယ့် အရသာကောင်းအောင် တခြားအရာတွေပါ ထပ်ထည့်လေ့ရှိတာကြောင့် နောက်ဆုံးမှာ ကယ်လိုရီက သကြား လက်ဖက်ရည်ဇွန်း ၅ ဇွန်းစာလောက်ဖြစ်သွားတတ်ပါတယ်။

Gin and Tonic

Gin 1.5  အောင်စ နဲ့ Tonic 4.5 အောင်စ ရောရင် ကယ်လိုရီ ၁၄၂လောက်ပါတတ်ပါတယ်။

Tonic Water က ပြောင်းဖူးကနေ ထုတ်လုပ်ထားတာကြောင့် သာမန်ရေလိုမဟုတ်ဘဲ ကယ်လိုရီပိုများပြီး ပိုချိုပါတယ်။ ကိုကာကိုလာမှာတွေ့ရတဲ့အရည်ဓာတ်မျိုးပါဘဲ။

အနီရောင်ဝိုင်

ဝိုင် ၅ အောင်စမှာ ကယ်လိုရီ ၁၂၅ လောက်ပါဝင်ပါတယ်။

ဒါပေမယ့် ဝိုင်မှာ Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကောင်းတဲ့ ကိုလက်စထရောကို မြှင့်တင်ပေးပြီး သွေးလွှတ်ကြောထဲ အနယ်တွေ မရောက်လာအောင်ကူညီပေးပါတယ်။

 Martini

၂.၂၅ အောင်စမှာ ကယ်လိုရီ ၁၂၄ လောက်ပါဝင်ပါတယ်။

ဝိုင်အဖြူ

ဝိုင်အဖြူ  ၅ အောင်စမှာ ကယ်လိုရီ ၁၂၁ လောက်ပါဝင်ပါတယ်။

ညတိုင်း ဝိုင်လေးစုပ်ပြီး သီချင်းနားထောင်တတ်သူတွေ ဂရုပြုသင့်ပါတယ်။

တခါလောက်ရင် ဝိုင် ၂ခွက်၊ ၃ခွက်လောက် သောက်တတ်ရင် အဲ့မှာတင်ဘာမှမစားမသောက်ရဘဲနဲ့ ကယ်လိုရီ ၄၀၀ နီးပါး ဖြစ်သွားတတ်ပါတယ်။

Dry White Wines အမျိုးအစားတွေဖြစ်တဲ့ Sauvignon Blanc သို့ Pinot Grigio တို့လိုဆို သကြားပါဝင်မှုနည်းတဲ့အတွက် ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။

ချိုတဲ့ဝိုင်ကို ကြိုက်နှစ်သက်သူတွေကတော့ ၂.၂၅အောင်စကို ကယ်လိုရီ ၁၆၅လောက် ဖြစ်သွားနိုင်ပါတယ်။

Light Beer

၁၂ အောင်စကို ကယ်လိုရီ ၁၀၃လောက်ရှိ

ဘီယာက ထင်ထားသလောက်တော့ ကျန်းမာရေးအတွက် အဆိုးကြီးမဟုတ်ပါဘူး။ ဘီယာမှာ ဗီတာမင် B ၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ Selenium ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါပေမယ့် ဘီယာရဲ့သဘောသဘာဝအရ သောက်ကောင်းလာရင် တစ်ညတည်း ၅ခွက်၊ ၁၀ခွက်သောက်မိရင်း ကယ်လိုရီ ၁ထောင်လောက် သောက်မိလိုက်သလိုဖြစ်သွားတတ်ပါတယ်။

Vodka Soda

Vodka Soda မှာတော့ ၁.၅ အောင်စမှာ ကယ်လိုရီ ၉၇ လောက်ပါဝင်ပါတယ်။