လှပတဲ့ တလဲသီးလေးတွေဟာ ချစ်စရာကောင်းပြီး စွဲမက်ဖွယ် အရသာလည်း ရှိပါတယ်။ ကောင်းမွန်တဲ့ အရသာရှိရုံမက ကျန်းမာရေး အတွက်လည်း ကောင်းမွန်စေပါတဲ့ အကျိုးပြု သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ Antioxidants နဲ့ Phytochemicals တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် စားသုံးသင့်တဲ့ အသီးအဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် Vitamins C,K, Folate, Thiamin, Dietary Fiber ဓာတ်တို့လည်း ပါဝင်စေပါတယ်။

တလဲသီးကို ရှမ်းပြည်နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းတစ်ချို့တွေမှာ ပေါက်ရောက်ပါတယ်။ ဥရောပ၊ အာဖရိ၊ အမေရိကန်၊ အာရှ နေရာစုံမှာ ဒေသစုံ မှာ ပေါက်တတ်တဲ့ အပင် ဖြစ်ပါတယ်။

နီနီရဲရဲ သလဲသီးလေးမှာ လူတွေကို အကျိုးပြုစေမယ့် ကျန်းမာရေး အချက်တွေကတော့-

၁။ အသားအရေ အတွက် ကောင်းမွန်

တလဲသီးဟာ အသားအရေအတွက် ကောင်းမွန်စေပြီး ကြည်လင်တဲ့ အသားအရေ ဖြစ်စေဖို့ ထောက်ပံ့ပေးပါတယ်။ အမဲစက်တွေ လျော့ကျစေနိုင်ပြီး အရွယ်တင်စေပါတယ်။ ဘာကြောင့်လဲဆိုရင် အစွမ်းထက် Antioxidants တွေ ပါဝင်နေတဲ့ အတွက်ပါ။

၂။ ကင်ဆာရောဂါကို ကာကွယ်နိုင်

လေ့လာချက်တွေ အရ Antioxidants နဲ့ Polyphenols တွေ တွေ့ရှိရပြီး ကင်ဆာဖြစ်စေခြင်းကို ကာကွယ်ပေးပါတယ်။ သူ့ရဲက အရည်အချင်းကတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေကို သေစေနိုင်ခြင်းပါပဲ။ အထူးသဖြင့် အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာနဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။

၃။ သွားကျန်းမာရေးကို အထောက်အကူ ပြုစေနိုင်

တလသဲသီးမှာ သွားကျန်းမာရေးအတွက် အကျိုးပြုစေမယ့် သတ္တုဓာတ်တွေ ပါရှိပြီး သွားပိုးစားခြင်းနဲ့ ခံတွင်းအတွင်း မကောင်းတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။

၄။ သွေးလည်ပတ်မှုကို ထိန်းပေး

တစ်နေ့ကို တလဲသီး တစ်လုံး ပုံမှန်စားပေးရင် သွေးပေါင်ချိန် ရုတ်တရက် မြင့်တက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဖျော်ရည်အဖြစ် လုပ်သောက်ရင် နှလုံး ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကို ကျစေပါတယ်။

၅။ အိမ်ထောင်ရေး သုခပြည့်စုံနိုင်

တလဲသီးကို ဖျော်ရည် လုပ်သောက်ရင် အိမ်ထောင်ရှင် စုံတွဲတွေ ပိုပြီး အိမ်ထောင်ရေး သုခနဲ့ ပြည့်စုံစေနိုင်တယ်လို့ ဆိုပါတယ်။ ပါဝင်တဲ့ Antioxidants ၊ ဗီတာမင် စီ၊ b3 ၊ ပိုတက်စီယမ်နဲ့ သဘာဝီနော တို့ကြောင့် ဖြစ်ပါတယ်။ တလဲသီးရဲ့ ရနံ့ဟာလည်း စွဲဆောင်မှု ပေးနိုင်ပါတယ်။

ဒါ့အပြင် မှတ်ဉာဏ် မေ့လျော့မှု ဖြစ်ပွားတဲ့ အယ်လ်ဇိုင်းမားတို့လို ရောဂါတွေကို အရွယ်မတိုင်ခင် မဖြစ်ပွားအောင် ကာကွယ်ပေးပြီး အရိုးအဆစ်ကိုက်ခဲခြင်း ဖြစ်သူတွေ အတွက် သက်သာစေပါတယ်။

Credit: zeenews