လူတိုင်း အရေးအကြောင်းတွေ ကင်းစင်ပြီး အရွယ်နုပျိုချင်ကြပါတယ်။ အိုမင်းတာကတော့ သဘာဝ ဖြစ်ပြီး ဒါတွေရှောင်ကြဉ်လို့မရတာတော့ လက်ခံကြရမှာပါ။ ဒါပေမယ့် အိုမင်းမှုကိုတော့ နှောင့်နှေးအောင်၊ လျော့ကျအောင် သဘာဝနည်းလမ်းတွေနဲ့ လုပ်ဆောင်လို့ရပါတယ်။

မြင်းခွာရွက်

မြင်းခွာရွက်ကို ရှေးယခင်ကတည်းက အသုံးပြုကြပါတယ်။ မြင်းခွာရွက်က ဦးနှောက်ရဲ့ စွမ်းဆောင်မှုတွေ၊ မှတ်ဉာဏ်တွေကို ပိုကောင်းစေပါတယ်။ အဲ့ဒီအပြင် သွေးလည်ပတ်မှုကိုလည်း မြှင့်တင်ပေးတာကြောင့် ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးအတွက် ကောင်းပါတယ်။

အရေးအကြောင်းတွေကို လျော့ပါးကာ အရွယ်တင်နုပျိုစေပါတယ်။

Oregano

Oregano အရွက်မှာ ဗီတာမင် စီနဲ့ Antioxidants တွေပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို နှောင့်နှေးအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Oregano အမှုန့်ကို ဟင်းလျာတွေမှာထည့်ချက်ကြပါတယ်။ Marketplace စူူပါမားကတ်မှာ ရနိုင်ပါတယ်။

ဂျင်ဆင်း

ဂျင်ဆင်းက အရွယ်တင်နုပျိုစေဖို့ အကောင်းဆုံးပါဘဲ။ အဲ့ဒီအပြင် အားအင်ကို ဖြစ်စေပါတယ်။ ကိုလက်စထရောဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုကို ကျစေပါတယ်။

အဲ့ဒီအပြင် အရေးအကြောင်းတွေကို လျော့ပါးစေတဲ့ဓာတ်တွေလည်းပါဝင်ပါတယ်။

နနွင်း

နနွင်းမှာ အရွယ်တင်နုပျိုစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။