လူတိုင်းနီးပါး သရက်သီးကို ကြိုက်ကြပေမယ့် သရက်ပင်အရွက်ရဲ့အသုံးဝင်ပုံကိုတော့ မသိကြပါဘူး။ သရက်ပင်ရဲ့ အရွက်မှာ ဗီတာမင် စီ၊ ဗီတာမင် B၊ ဗီတာမင် A တို့ကြွယ်ဝစွာပါဝင်တဲ့အပြင် တခြား အာဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

သူ့မှာ အားကောင်းတဲ့ Antioxidants ဓာတ်တွေလည်း ပါဝင်ပါတယ်။

ဆီးချိုကျစေတယ်

သရက်ရွက်က ဆီးချို ရောဂါအတွက် အရမ်းကောင်းပါတယ်။ သရက်ရွက်တွေမှာ Tannins ဆိုတဲ့ဓာတ်ပါဝင်ပြီး ဆီးချိုရောဂါရဲ့ အစတွေမှာ ကုသရာမှာ ကူညီပေးပါတယ်။ အရွက်ကို ပြောင်အောင်ဆေးပါ။ ခွက်၁ခွက်ထဲကို ရေထည့်ပြီး သရက်ရွက်ကို ထည့်ကာ တစ်ညလောက်စိမ်ထားပါ။ အဲ့ဒီအရည်ကိုသောက်ရင် ဆီးချိုကျစေပါတယ်။

သွေးတိုးကျစေ

highbloodpressure-1024x685
သူတို့မှာ Hypotensive သတ္တိတွေပါဝင်တာကြောင့် သွေးတိုးကိုကျစေပါတယ်။

အပန်းပြေစေ

စိတ်တွေ ရှုပ်ထွေး၊ ဒေါသတွေထွက်စတဲ့ စိတ်လှုပ်ရှားမှုတွေဖြစ်နေပါသလား။ သရက်ရွက် ၃ ရွက်လောက်ကို ရေချိုးတဲ့ရေနွေးလေးထဲထည့်စိမ်ပေးပါ။ ပြီးရင်အဲ့ဒီရေနဲ့ စိမ်ပေးပါ။ ဒါဆိုရင် စိတ်ကိုတည်ငြိမ်စေပြီး အပန်းပြေစေပါတယ်။

အသက်ရှူလမ်းကြောင်းရောဂါကို သက်သာစေ

သရက်ပင်အရွက်က အအေးမိ၊ လေပြွန်ရောင်တာနဲ့ ပန်းနာရင်ကြပ်အစရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေပါတယ်။ ဒါကြောင့် သရက်ပင်ကအရွက်တွေကို ပြုတ်ပြီး ပျားရည်အနည်းငယ်ခပ်ကာ သောက်ပေးပါ။ အသံဝင်တာတွေအတွက်လည်းကောင်းပါတယ်။

ကျောက်ကပ်ကျောက်တည်တာတွေအတွက်လည်း ကောင်းမွန်

သရက်ရွက်က ကျောက်ကပ်မှာ ကျောက်တည်တာတွေအတွက်လည်း ကောင်းပါတယ်။ သရက်ရွက်တွေကို အခြောက်လှမ်းပြီး အမှုန့်ထောင်းကာ ရေထဲ တစ်ညစိမ်ပြီးသောက်ရင်လည်း ကျောက်ကပ် ကျောက်တွေကြေစေနိုင်ပါတယ်။