ကညွှတ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်လောက်ကတည်းက အစားအစာအဖြစ် စားသုံးနေကြတာပါ။

ဒီလို နှစ်ထောင်ချီပြီး လူတွေစားသုံးလာတာက အလကားမဟုတ်ပါဘူး။ သူ့မှာ ခိုင်မာတဲ့ ကျန်းမာရေး အာနိသင်တွေ အများကြီး ရှိပါတယ်။

ကညွှတ် အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ

ကညွှတ်မှာ အမျိုးအစား ၃ မျိုးရှိပါတယ်။ ခရမ်းရောင် က ပြင်သစ်မျိုးဖြစ်ပြီး အဖြူရောင်က အနည်းငယ် တုပ်လုံးကာ နယ်သာလန်နိုင်ငံမှာ အတွေ့များပါတယ်။

အစိမ်းရောင် ကညွှတ်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ အစားများပါတယ်။

ကညွှတ်ရဲ့ ကောင်းကျိုးများ

ကညွှတ်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် (soluble fiber) ပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပြီး အူမကြီးကင်ဆာနဲ့ နှလုံးရောဂါတို့ကို ကာကွယ်ပေးပါတယ်။ ကညွှတ်မှာပါဝင်တဲ့ Folate ဓာတ်က ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ပေးပြီး ကိုယ်ဝန်ဆောင် ကျန်းမာရေးအတွက်လည်း အများကြီးကောင်းပါတယ်။

ဗီတာမင် စီနဲ့ E က အရေပြားနဲ့ ဆံပင် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ကင်ဆာ ရောဂါကို တိုက်ဖျက်ကာကွယ်ပေး

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင်

ကညွှတ်မှာပါဝင်တဲ့ Saponins ဆိုတဲ့ ဓာတ်က ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး ကင်ဆာဆဲလ်တွေ မပွားလာအောင်လည်း ကူညီပေးနိုင်ပါတယ်။

ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေး

ကညွှတ်က ဆီးအိမ်၊ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဆီးရွှင်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်ပါတယ်။

ကျောက်ကပ်ကို ဆေးပေးနိုင်ပြီး ကျောက်မှာ ကျောက်တည်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဦးနှောက်ကျန်းမာရေး

ကညွှတ်မှာ ဗီတာမင် E နဲ့ C တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဒီဓာတ်၂ခုဟာ အယ်ဇိုင်းမားရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

အသက်အရွယ်ကြီးမြင့်လာတာနဲ့ အမျှ ဦးနှောက် မှတ်ဉာဏ်ချို့ယွင်းတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။