ကြက်ဟင်းခါးသီးမှာ ဗီတာမင်ဓာတ် နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ဗီတာမင် A၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် C ၊ ကယ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဇန့်၊ သံဓာတ်၊ ကော့ပါး နဲ့ Phosphorus ဓာတ်တွေ ပါဝင်ပါတယ်။

ကယ်လိုရီပါဝင်မှုက အရမ်းနည်းပြီး ကြက်ဟင်းခါးသီး ၁၀၀ ဂရမ်မှ ကယ်လိုရီ ၁၇ ကယ်လိုရီသာ ပါရှိပါတယ်။

ကိုယ်အလေးချိန် ကျဆင်းနိုင်

ကြက်ဟင်းခါးသီးမှာ Antioxidants တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အားကောင်းစေပြီး အစာခြေစနစ်ကိုလည်းပံ့ပိုးပေးပါတယ်။

ကယ်လိုရီပါဝင်မှုလည်းအရမ်းနည်းပြီး ရေဓာတ်ပါဝင်မှုကလည်း ၈၀ကနေ ၈၅ ရာခိုင်နှုန်းလောက်ရှိတာကြောင့် ဗိုက်ဆာတာကို သက်သာစေပြီး အစာသိပ်စားဖြစ်တော့မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် ကိုယ်အလေးချိန်ကိုလည်း အလျင်အမြန်လျော့ချဖို့ ကူညီပေးပါတယ်။

သဘာဝနည်းလမ်းဖြင့် အားအင်တွေ တိုးစေ

ကြက်ဟင်းခါးသီးကို ပုံမှန်စားသုံးပေးရင် အမောခံနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေကာ အားအင်တွေ တိုးစေပါတယ်။

သွေးတွေကို သန့်စင်ပေး

ကြက်ဟင်းခါးသီးမှာပါဝင်တဲ့ Antimicrobial နဲ့ Antioxidant ဓာတ်တွေက အရေပြား ပြဿနာတွေ၊ သွေးတွေထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှု ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

ကျောက်ကပ်နဲ့ဆီးအိမ်

ကြက်ဟင်းခါးသီးက ကျောက်ကပ် နဲ့ ဆီးအိပ်ကျန်းမာရေးအတွက်လည်း ကူညီပေးပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ကြက်ဟင်းခါးသီး စားသုံးရာမှာ သတိထားသင့်တဲ့အချက်များ

  • ကြက်ဟင်းခါးသီးကို ရေပိုက်ခေါင်းအောက်မှာ သေချာဆေးကြောပါ။
  • ပိုခါးတဲ့ ကြက်ဟင်းခါးသီးက အာဟာရပါရှိလေပါပဲ။
  • လတ်ဆတ်ပြီး အစိမ်းရင့်ရောင် တောက်တဲ့ ကြက်ဟင်းခါးသီးတွေကိုပဲ ရွေးချယ်ဝယ်ယူပါ။

  • တစ်နေ့ကို ကြက်ဟင်းခါးသီး ၂လုံး ထက်ပိုမစားပါနဲ့။
  • ခါးတဲ့ အရသာကို မကြိုက်ရင် ဆားထည့်ပြီး ချက်ရင် အခါးပေါ့ပါတယ်။
  • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတော့ ကြက်ဟင်းခါးသီးကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသင့်ပါတယ်။