ကြက်ဟင်းခါးသီးက အရသာက ခါးသက်သက်ဖြစ်ပေမယ့်သူ့မှာ ကျန်းမာရေး အာနိသင်တွေ အများကြီးရှိပါတယ်။

အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကြပ်၊ အအေးမိ၊ ချောင်းဆိုးစတဲ့ ရောဂါတွေကနေ ဆီးချို၊ နောက်ဆုံး အလှအပနဲ့ အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

အသက်ရှူလမ်းကြောင်း ရောဂါများ

ပန်းနာရင်ကျပ်ရောဂါကို မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ကုသမယ်

ကြက်ဟင်းခါးသီးက အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကြပ်၊ အအေးမိ၊ ချောင်းဆိုးစတဲ့ ရောဂါတွေအတွက် ပြီးပြည့်စုံတဲ့ ဆေးတစ်ခွက်ပါ။ ဒါကြောင့် ကြက်ဟင်းခါးသီးကြော်၊ ကြက်ဟင်းခါးသီး သုပ်တွေကို များများစားပေးပါ။

အဆုတ်ကို သန့်စင်ပေး

ကြက်ဟင်းခါးသီးကို စားပေးရင် အဆုတ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးပါတယ်။ ဒါကြောင့် တစ်ပတ်လောက် ဆက်တိုက်စားပေးရင် သိသိသာသာ ထူးခြားလာတာကို တွေ့ရပါလိမ့်မယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး

ကြက်ဟင်းခါးသီးကို ရေထဲထည့်ပြီး ပြုတ်ပြီး အဲ့ဒီ ပြုတ်ထားတဲ့အရည်ကို နေ့တိုင်းသောက်ပေးရင် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။

ဝက်ခြံ

မျက်နှာပေါ်က ဝက်ခြံနဲ့ အမည်းစက်တွေကို အစားအသောက်နဲ့ ကုသမယ်

ကြက်ဟင်းခါးသီးကို စားပေးရင် ဝက်ခြံတွေကို လျော့နည်း ပျောက်ကင်းစေပြီး အသားအရေ ပျက်စီးတာတွေကို လည်း ပြုပြင်ပေးနိုင်ပါတယ်။

အသားအရေ ယားယံတာနဲ့ မှိုရောဂါတွေအတွက်လည်း ကောင်းပါတယ်။

ဆီးချို

ကြက်ဟင်းခါးသီးက Type 2 Diabetes အတွက် အရမ်းကို ကောင်းပါတယ်။ ကြက်ဟင်းခါးသီးကို တရုတ်နဲ့ အိန္ဒိယ တိုင်းရင်းဆေးမှာ အဓိကထား သုံးကြပါတယ်။ Type 2 Diabetes က အင်ဆူလင်မလုံလောက်တာကြောင့် ဆဲလ်တွေက သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေ မစုပ်ယူနိုင်တော့ပါဘူး။

သကြားတွေစုပ်ယူနိုင်ဖို့က ဆဲလ်တွေမှာရှိတဲ့ Kinaseဓာတ်က အသက်ဝင်လှုပ်ရှားဖို့ လိုပါတယ်။

ကြက်ဟင်းခါးသီးက ဒီ Kinase ဓာတ်ကို အားပေးပြီး သကြားစုပ်ယူမှုနှုန်းမြင့်မားအောင် ထောက်ပံ့ပေးပါတယ်။

Featured Image Source: Healthline