Brandy အရက်က အိုမင်းရင့်ရော်မှုကို နှေးစေပြီး၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို လျော့ချပေးပါတယ်။
နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး ကင်ဆာကို ကာကွယ်ပေးကာ ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
ဒါပေမယ့် ဟားဗတ် တက္ကသိုလ်ရဲ့သုတေသနရလဒ်အရ အမျိုးသားတွေဆိုရင် နေ့စဉ် ၂ ခွက်ထက်ပိုပြီး မသောက်သင့်ပါဘူးလို့ ထုတ်ပြန်ထားပါတယ်။ အမျိုးသမီးတွေဆိုရင် ၁ ခွက်ထက် ပိုပြီး မသောက်သင့်ပါဘူး။
ကျန်းမာရေး အကျိုးကျေးဇူး
အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေ
Brandy မှာ ချောင်းဆိုးတာ၊ လည်ပင်းနာတာကဲ့သို့အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ဘက်တီးရီးယား၊ အကျိအချွဲတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး
Brandy က အရသာရှိပြီး ကျန်းမာရေး ကောင်းစေတဲ့ အရက်အဖြစ် နာမည်ကြီးလာခဲ့တာပါ။ အထူးသဖြင့် အသက်ကြီးတဲ့ အဘိုးကြီးတွေ၊ အမျိုးသားတွေ သောက်သုံးကြပါတယ်။ အဓိကကတော့ ကိုယ်ခံအားမြှင့်တင်ပေးနိုင်လို့ပါဘဲ။
သာမန် ဖျားနာ၊ အအေးမိရင် Brandy ကို ဆေးတစ်ခွက်လို သောက်လာခဲ့တာဆိုရင် နှစ်ကို ရာနဲ့ကို ချီနေပါပြီ။
နှလုံးကျန်းမာရေးကို မြှင့်တင်ပေး
အလွန်အကျွံမသောက်ရင် Brandy မှာပါဝင်တဲ့ Antioxidants ဓာတ်တွေက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပါတယ်။
ကိုလက်စထရောဓာတ်ကို ထိန်းညှိပေးပါတယ်။ Polyphenolic ကွန်ပေါင်းပါဝင်တာကြောင့် ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။ လေဖြတ်၊ နှလုံး ရုတ်တရပ် ရပ်တန့်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။
အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေ
Brandy မှာပါဝင်တဲ့ Antioxidants ဓာတ်တွေက အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပါတယ်။ အသားအရေပေါ်မှာ အရေးအကြောင်းတွေဖြစ်လာမှု၊ အမြင်တွေမှုန်ဝါးလာမှု စတာတွေ ဖြစ်ပေါ်လာမှုကို နှောင့်နှေးစေပါတယ်။
ကင်ဆာ ရောဂါကို ကုသပေး
Brandy မှာ Ellagic အက်ဆစ်ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေ မပေါက်ပွားလာအောင် ကူညီတားဆီးပေးပါတယ်။