ဒူးရင်းသီးက အနံ့ပြင်းတယ်၊ စားတာများရင် ခေါင်းမူးတယ်ဆိုပြီး ပြောကြပေမယ့်လည်း ဒူးရင်းသီးအနံ့ရတာနဲ့ မစားဘဲ မနေနိုင်သူတွေလည်းအများကြီးပါပဲ။

တကယ်တော့ ဒူးရင်းသီးဟာ အရသာရှိရုံတင်မကဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါတယ်။

အားအင်ဖြစ်စေ

ဒူးရင်းသီး ၁၀၀ ဂရမ်တွင် နေ့စဉ်လိုအပ်သည့် ကာဗိုဟိုက်ဒရိတ် ၂၁ ရာခိုင်နှုန်းပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်ဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် အားအင်ကိုပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေး

ပါဝင်တဲ့ Serotonin ဓာတ်သည် စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်ဓာတ်ကျမှုကို ဖယ်ရှားပေးပါတယ်။ ဒူးရင်းသီးတွင် Serotonin ဓာတ်ကို ထုတ်လုပ်ရာတွင် အဓိကကျတဲ့ ဗီတာမင် B6 ကြွယ်ဝစွာပါဝင်နေပါတယ်။

အရိုးနှင့် သွားကို သန်မာစေ

ကယ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် B ဓာတ်တို့ ပါဝင်နေတာကြောင့် အရိုး နှင့် သွားကို သန်မာစေပါတယ်။

အရွယ်တင်နုပျိုစေ

Collagen ဓာတ်ကြွယ်ဝပြီး အိုမင်းရင့်ရော်မှုကို လျော့ချပေးနိုင်တဲ့ အစားအစာများ

ဗီတာမင် စီဓာတ်လည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ထဲရှိ Free Radicals များကိုလည်း ဖယ်ရှားပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။