သံပရိုသီးများသည် ကမ္ဘာတစ်ဝှမ်းတွင် လူများသဘောကျကြိုက်နှစ်သက်သည့် အသီးတစ်မျိုးဖြစ်ပြီး မီးဖိုချောင်များတွင် မရှိမဖြစ်လိုအပ်သည့် အဓိကစားကုန်တစ်ခုလည်းဖြစ်ပါသည်။ သည့်အပြင် သံပရိုသီးများသည် အတွင်းရှိ အရည်သာမက အပြင်အခွံကိုပါ အကျိုးရှိရှိ အသုံးပြုနိုင်သည့် အသီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

သံပရိုသီးအခွံများတွင် ဗီတာမင်၊ သတ္တုဓာတ် နှင့် ဖိုက်ဘာဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ သံပရိုသီးအရည်ထက် သံပရိုသီးအခွံတွင် ဗီတာမင်စီ နှင့် အေ၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် နှင့် ပိုတက်စီယမ် အစရှိသည့် သတ္တုဓာတ်များ ပိုမိုပေါင်းစပ်ပါဝင်ပါသည်။

ထို့ကြာင့် သံပရိုသီးအခွံများကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနိုင်ကြောင်း သိရှိစေရန် စုပေါင်းဖော်ပြပေးလိုက်ရပါတယ်။

၁။ အရေပြားကျန်းမာရေးကို တိုးတက်စေခြင်း

skin health

သံပရိုသီးအခွံတွင် ပါဝင်သည့် အက်စစ်ဓာတ်က အသားအရေ၏ ကြည်လင်မှု၊ တောက်ပမှု နှင့် နူးညံ့မှုတို့ကို ဖြစ်ပေါ်စေရန် ကူညီပေးနိုင်ပါသည်။ သည့်အပြင် သံပရိုသီးအခွံများသည် အရေပြားရှိဆဲလ်သေများကို ဖယ်ရှားပေးနိုင်ရုံသာမက ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။

၂။ သံပရိုသီးအခွံဖြင့် လက်ဖက်ရည်ကြမ်းပြုလုပ်နိုင်ခြင်း

lemon tea

သံပရိုသီးအရည်ကို ရယူပြီးနောက် အခွံကိုလွှင့်ပစ်မည့်အစား အရသာရှိ၍ ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်လုပ်လက်ဖက်ရည်ကြမ်းကို ပြုလုပ်နိုင်မှာဖြစ်ပါသည်။ ဗီတာမင်စီ နှင့် ကိုယ်ခန္ဓာအတွက်ကောင်းမွန်သည့် အာဟာရဓာတ်များ ပေါင်းစပ်ပါဝင်သည့်အတွက် သံပရိုသီးအခွံများသည် အစာချေဖျက်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကိုယ်ခံအားကို တိုးမြှင့်ပေးခြင်း နှင့် အခြားမရေမတွက်နိုင်သော ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါသည်။

၃။ ပုရွက်ဆိတ်များ၏ရန်မှ ကင်းဝေးစေခြင်း

ant free

နောက်တစ်မျိုးအနေဖြင့် သံပရိုသီးအခွံကိုအသုံးပြုကာ ပုရွက်ဆိတ်များကို ဖယ်ရှားနိုင်မှာဖြစ်ပါသည်။ သံပရိုသီးအခွံ၏ ချိုမွေးစူးရှသော အနံ့သည် ပုရွက်ဆိတ်များကို ဟန့်တားနိုင်သည့်အတွက် အိမ်ရှိမီးဖိုချောင်နှင့် အခြားနေရာများတွင် ထားရှိပါက ပုရွက်ဆိတ်များ ဝင်ရောက်မှုကို တားဆီးနိုင်ပါသည်။

၄။ သန့်စင်ဆေးတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ခြင်း

cleaner

သံပရိုသီးအခွံများတွင် အက်စစ်ဓာတ်ပါဝင်သည့်အတွက် အဆီများ၊ ပိုးတက်နေသည့်နေရာ၊ အရာပစ္စည်းများကို အသစ်အတိုင်းဖြစ်သွားအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ပြတင်းပေါက်များ၊ မှန်များ၊ ရေပိုက်ခေါင်းများ နှင့် အခြားအိမ်ရှိမျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ရာတွင် ထိရောက်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။

၅။ အဝါရောင်သမ်းနေသည့် လက်သည်း နှင့် သွားများကို ဖြူဖွေးလာစေခြင်း

yellow nail and teeth

အဝါရောင်သို့ပြောင်းလဲသွားသည့် လက်သည်းများကို ပြန်လည်ဖြူဖွေးလာစေရန်အတွက် သံပရိုသီးအခွံသည် အကောင်းဆုံးသော နည်းလမ်းတစ်ခုပင်ဖြစ်ပါသည်။ လက်သည်းများကို ပြန်လည်ဖြူဖွေးလာစေရုံသာမက အလွယ်တကူမကျိုးပဲ့နိုင်အောင်လည်း ကူညီပေးမှာဖြစ်ပါသည်။ လက်သည်းများအပြင် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် အရောင်ပြောင်းလာသည့် သွားများကိုပါ နဂိုမူလအတိုင်း ပြန်လည်ဖြူဖွေးလာစေဖို့ လုပ်ဆောင်ပေးနိုင်ပါသည်။