[Unicode]

လီမွန်တီးကို ပျားရည်နှင့် ပေါင်းစပ်ပြီး သောက်ရင် ကျန်းမာရေး အာဟာရဓာတ်တွေ အများကြီးပို ရလာပါတယ်။

အစာဆိပ်တွေကို ဖယ်ရှားပေး

ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ပိုးမွှားများနဲ့ ရောဂါဘယများ မဝင်အောင် ကူညီပေးနိုင်ပါတယ်။

ဖျားနာခြင်း နှင့် တုပ်ကွေးကို သက်သာစေ

လီမွန်တီးတွင် ဖျားနာမှု နှင့် တုပ်ကွေးကို သက်သာစေပါတယ်။ သင်ဟာ ဖျားနာနေလျှင် လီမွန်တီးထဲကို ဂျင်း အနည်းငယ်ထည့်ပြီး တစ်နေ့ကို ၃ ကြိမ် သို့ ၄ ကြိမ် လောက် သောက်ပါ။ လည်ပင်းနာတာကိုသက်သာစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

စိတ်ပိုင်းဆိုင်ရာ အားဖြစ်စေ

လီမွန်တီးသည် သွေးထဲက အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တာကြောင့် ခန္ဓာကိုယ်ကို အားဖြစ်စေပါတယ်။

စိတ်ကို လန်းဆန်း ကြည်လင်စေပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးထဲတွင် အဆိပ်အတောက်များ ဖြစ်ပေါ်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။

လီမွန်တီးက ဒီပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ကာ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ မောပန်းခြင်းတို့ကိုလည်း ပယ်ပျောက်စေပါတယ်။

အသားအရေအတွက်လည်း ကောင်းမွန်

အသားအရေ လှပဖို့ စပျစ်သီးကို စားသုံးကြရအောင်

ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဝက်ခြံနှင့် တခြား အရေပြား ပြဿနာတွေကို လျော့ပါးစေပါတယ်။

[Zawgyi]











