ကြာစွယ်မှာ အစာခြေစနစ်ကို အားကောင်းစေပြီး၊ ကိုလက်စထရောကိုလျော့ကျစေကာ၊ သွေးဖိအားကို ကျဆင်းပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး၊ စိတ်ဖိစီးမှုကို လျော့ပါးစေပြီး သွေးလည်ပတ်မှုကိုကောင်းစေတဲ့ ဓာတ်တွေပါဝင်နေပါတယ်။

ဗီတာမင်ဓာတ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ Phosphorous ၊ ကော့ပါး၊ သံဓာတ်၊ Manganese ၊ ဇန့်၊ ဗီတာမင် B6 နဲ့ ဗီတာမင် စီ စတာတွေပါဝင်နေပါတယ်။

သွေးလည်ပတ်မှုကို အားကောင်းစေ

ကြာစွယ်က သွေးလည်ပတ်မှုကို အားကောင်းစေပြီး ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်စီဂျင်ရောက်ရှိမှုနှုန်းကို တိုးမြင့်စေပါတယ်။ သွေးနီဥထုတ်လုပ်မှုကို အားကောင်းစေပါတယ်။

စိတ်ဖိစီးမှုကိုလျော့နည်းစေ

ဗီတာမင် B Complex ပါဝင်တာကြောင့် စိတ်ခံစားချက်တွေကို ထိန်းပေးပါတယ်။ ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကို ထိန်းညှိပေးပါတယ်။ ကြာပန်းတွေ၊ ကြာစွယ်တွေထဲမှာ စိတ်ကို ငြိမ်းအေးစေတဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ဒါ့ကြောင့် လူတွေက ကြာပန်းကိုမြင်ရရင်၊ ကြာပန်းအနံ့ကို စိတ်အေးချမ်းတဲ့ ခံစားချက်ကို ရရှိတာဖြစ်ပါတယ်။

သွေးဖိအားကို ထိန်းညှိပေး

သွေးပေါင်ချိန်ကို ထိန်းပေးနိုင်တဲ့ အစားအစာများ

ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတာကြောင့် သွေးကြောထဲမှာ ဆိုဒီယမ်ရှိတဲ့ ပမာဏကို ထိန်းညှိပေးပါတယ်။ အဲ့ဒီအပြင် သွေးကြောတွေကိုလည်း သက်သောင့်သက်သာရှိစေပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်

အမျှင်ဓာတ်တွေပါဝင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

ဗီတာမင် စီဓာတ်ကြွယ်ဝ

ကြာစွယ် ၁၀၀ ဂရမ်မှာဆိုရင် ၇၃ ရာခိုင်နှုန်းက ဗီတာမင် စီဓာတ်ပါဝင်ပါတယ်။ ဗီတာမင်စီက အရေးကြီးတဲ့ Collagen ဓာတ်တစ်မျိုးဖြစ်ပြီး ဒီဓာတ်က အသားအရေကျန်းမာရေး၊ အရွယ်တင်နုပျိုအောင်ကူညီပေးပါတယ်။ သွေးကြောတွေကို အားကောင်းစေပြီး ကိုယ်တွင်းအင်္ဂါတွေနဲ့ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပါတယ်။

ဗီတာမင်စီက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့၊ ဇီဝကမ္မဖြစ်စဉ်တွေကို အနှောင့်အယှက်ပေးတဲ့ Free Radicals တွေကို ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားပေးနိုင်ပါတယ်။