ကမ္ဘာပေါ်မှာ လူသားတို့ကို အကျိုးပြုတဲ့ သစ်သီးဝလံများ အများအပြားရှိကြပါတယ်။ ထိုသစ်သီးဝလံတွေ အများကြီးထဲကမှ ဒီတစ်ခါမှာတော့ လိုင်ချီးသီးအကြောင်း ပြောပြပေးချင်ပါတယ်။

လိုင်ချီးသီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ခန့်က တရုတ်နိုင်ငံမှာ စတင်စိုက်ပျိုးခဲ့တာပါ။ ယခုအချိန်မှာတော့ နိုင်ငံအနှံ့အပြားမှာ အများအပြားစိုက်ပျိုးလာကြပြီဖြစ်ပေမယ့် အဓိက စိုက်ပျိုးရာနေရာဒေသများကတော့ အရှေ့တောင်အာရှ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် တောင်အာဖရိက စတဲ့နေရာတွေမှာ စိုက်ပျိုးလေ့ရှိကြပါတယ်။

လိုင်ချီးသီးမှာ ဗီတာမင်စီ၊ ဗီတာမင် B6 ၊ ဖောလိတ်၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ် စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ လိုင်ချီးကို စားသုံးမယ်ဆိုရင် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့…

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

လိုင်ချီးသီးကိုစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ နဲ့ လိုင်ချီးသီး အမျိုးအစား

အခြားသစ်သီးဝလံများနဲ့ ဟင်းသီးဟင်းရွက်တွေလိုပဲ လိုင်ချီးသီးထဲမှာလည်း အမျှင်ဓာတ်များ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ထိုအမျှင်ဓာတ်များကို အစာချေစနစ်ကို ကောင်းမွန်စေပြီး အစာမကြေဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနဲ့ ဝမ်းချုပ်ခြင်း စတဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါများကို ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်ခံစွမ်းအား မြှင့်တင်ပေးခြင်း

လိုင်ချီးသီးထဲမှာ အကြွယ်ဝဆုံး ဗီတာမင်ဓာတ်ကတော့ ဗီတာမင် စီပဲဖြစ်ပါတယ်။ ထိုဗီတာမင်စီက ခန္ဓာကိုယ်ရဲ့ခုခံအားကို မြှင့်တင်ပေးရာမှာ အဓိကအကျဆုံးဖြစ်တဲ့ သွေးဖြူဥဆဲလ်များကို လှုံ့ဆော်ပေးတာကြောင့် မကြာခဏ နာမကျန်းဖြစ်ခြင်းမှ ကင်းဝေးပြီး ကျန်းမာကြံ့ခိုင်နေမှာပဲဖြစ်ပါတယ်။

မှတ်ဉာဏ်စွမ်းအား မြှင့်မားစေခြင်း

သင့်ဦးနှောက်ကို ငယ်ရွယ်နုပျိုစေမယ့် နည်းလမ်းများ

လေ့လာတွေ့ရှိချက်များအရ လိုင်ချီးသီး စားသုံးခြင်းက အယ်လ်ဇိုင်းများ ရောဂါကြောင့် အာရုံကြော ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး မှတ်ဉာဏ်စွမ်းအားများကို တိုးမြှင့်ပေးတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

လိုင်ချီးမှာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်တွင်းရှိအရည်များကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်ဓာတ်က သွေးလှည့်ပတ်မှု အင်္ဂါအဖွဲ့အစည်းကို ဖိအားများ မပေးမိအောင် ကူညီပေးတာကြောင့် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ် စီးဆင်းမှု ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။

Source: organicfacts.net