ဆေးဖက်ဝင်သစ်သီးတစ်မျိုးဖြစ်တဲ့ ယဲယိုသီးက ကျန်းမာရေးကို များစွာအထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ အချို့က ယဲယိုသီးကို ဟင်းချက်ရာမှာ အသုံးပြုကြသလို အချို့ကလည်း ဆေးဖက်ဝင်ဖျော်ရည်အဖြစ် အသုံးပြုကြပါတယ်။

သဘာဝတရားက ပေးအပ်ထားတဲ့ အဖော်မွန် ယဲယိုသီးက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုနိုင်သလဲဆိုတာကို စာဖတ်သူတို့ သိပြီးကြပါပြီလား။

အရိုးအဆစ် နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

Source: Rejuvinix.com

လေ့လာတွေ့ရှိချက်များအရ ယဲယိုသီးကို နေ့စဉ်မှန်မှန် မှီဝဲစားသုံးပါက အဆစ်အမြစ်နှင့် အရိုးများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေတယ်လို့ သိရှိရပါတယ်။

စွမ်းအင်များ ဖြည့်တင်းပေးခြင်း

ခန္ဓာကိုယ် အားနည်းခြင်းမှ ကာကွယ်ပေးဖို့ရန်အတွက် ယဲယိုသီးဖျော်ရည်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဆေးဝါးအဖြစ် မှီဝဲသောက်သုံးကြပါတယ်။ ယဲယိုသီးဖျော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ကုန်ခမ်းသွားတဲ့စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်။

အသားအရေကို အစိုဓာတ်ပြည့်ဝစေခြင်း

Source: Stylecraze.com

အရေပြားအထူးကုဆရာဝန်ဖြစ်သူ Dr. Deepali Bhardwaj ရဲ့ ပြောကြားချက်အရ ယဲယိုသီးဖျော်ရည်က အကောင်းဆုံး Antioxidants ဖြစ်ပြီး အသားရေပေါ်မှာ လိမ်းကျံပေးပါက ဆဲလ်သစ်များ ပြန်လည်မွေးဖွားပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် အသားအရေ မွဲခြောက်ခြောက်ဖြစ်ခြင်း၊ အသားအရေ မညီမညာဖြစ်နေပါက ယဲယိုသီးကို အသုံးပြုနိုင်ပါတယ်။

ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ယဲယိုသီးမှာ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးတဲ့ အာဟာရဓာတ်များ ပါဝင်ပါတယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးကာ အကျိတ်အခဲများကို တိုက်ဖျက်ပေးတဲ့ ယဲယိုသီးက ကင်ဆာသမားများအတွက်တော့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ အထူးသဖြင့် ရင်သားကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုများကို သက်သာစေခြင်း

စိတ်ဖိစီးမှုများရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ မှတ်ဉာဏ်စွမ်းအား လျော့ကျလာခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို လျော့ချပေးဖို့ရန် အတွက် ယဲယိုသီးဖျော်ရည်ကို မှန်မှန်မှီဝဲသင့်တယ်လို့ အာဟာရနှင့် ကျန်းမာရေးပညာရှင် Byron J. Richards က ပြောကြားထားပါတယ်။ ယဲယိုသီးဖျော်ရည်အပြင် ယောဂကျင့်ခြင်း (သို့) တရားထိုင်ခြင်းတို့ကို ပူးတွဲပြုလုပ်ပေးပါက ပိုမိုကောင်းမွန်တဲ့အကျိုးရလာဒ်ကို မြင်တွေ့နိုင်ပါတယ်။

Source: Food.ndtv.com