အာလူးမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တွေ နဲ့ တခြား အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေ တော်တော်များများမှာ အဓိက အစားအစာအဖြစ်စားသုံးကြပါတယ်။
သွေးတိုးကိုကျစေပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
သွေးတိုးကို ကျစေ
အာလူးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးတိုးကို ကျစေပါတယ်။
ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်
အာလူးမှာ Alpha Lipoic အက်ဆစ်ဓာတ်ပါဝင်တာကြောင့် ဦးနှောက် ကျန်းမာရေးကို အားကောင်းစေပါတယ်။
အဲ့ဒီအပြင် စိတ်ဓာတ်ကျနေချိန်မှာ အာလူးက စိတ်ကို ပျော်ရွှင် မြှင့်တင်ပေးနိုင်ပါတယ်။
အာလူးမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်ကလည်း စိတ်ဓာတ်ကျမှုကို မြှင့်တင်ပေးပါတယ်။
အရိုးကို သန်မာစေ
အာလူးမှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက အရိုးကျန်းမာရေးကို အားကောင်းစေကြောင်း Maryland တက္ကသိုလ်ရဲ့ ဆေးပညာ ဗဟိုဌာနရဲ့ သုတေသနအရ သိရပါတယ်။
အိပ်ကောင်းစေ
အာလူးမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေပြီး အိပ်ပျော်စေပါတယ်။