စောင်းလျားသီးက အသီးဖျော်ရည်၊ Smoothie ဖျော်ရည်လိုမျိုး လုပ်သောက်နိုင်သလို အစိမ်းလိုက် စားရင်လည်း အရသာရှိတဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ကြယ်ပုံသဏ္ဍာန်ရှိတဲ့ စောင်းလျားသီးက ချိုချဉ်အရသာရှိပြီး အပင်ပေါ်မှာ ခူးဆွတ်ပြီး ၃ ရက်မှ ၄ ရက်အတွင်း စားသုံးပါက အာဟာရဓာတ်များကို ပြည့်ဝစွာ ရရှိပိုင်ဆိုင်နိုင်ပါတယ်။

ချိုချိုချဉ်ချဉ်နဲ့ စားလို့ကောင်းတဲ့ ထိုသစ်သီးလေးက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အပံ့တွေ ပေးစွမ်းနိုင်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

စွယ်စုံသုံး ဆေးစွမ်းကောင်းတစ်လက်

Source: Foodingredientsfirst.com

စောင်းလျားသီးက နေလောင်ဒဏ်နှင့် အရက်နာကျင်ခြင်းတို့အတွက် အိမ်တွင်းဆေးစွမ်းကောင်းတစ်လက်ဖြစ်ပြီး ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ပြည်တည်နာနှင့် လည်ချောင်းနာခြင်းတို့အတွက်လည်း အသုံးတည့်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါကိုလည်း သက်သာစေပြီး အစာချေစနစ်ကို ကောင်းမွန်စေကာ အစာအိမ်နာခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

စောင်းလျားသီးမှာ ကယ်လိုရီ ၃၀ ပဲ ပါဝင်ပြီး အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဝိတ်ချချင်သူများအတွက် အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။ Antioxidants နဲ့ Flavonoids များ မြင့်မားစွာပါဝင်ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်များကိုလည်း စောင်းလျားသီးထံမှ ရရှိနိုင်ပါတယ်။

ဆံကေသာ ထူထဲကျန်းမာလာအောင် ကူညီပေးခြင်း

စောင်းလျားသီးက ဆံကေသာကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်များ ခန္ဓာကိုယ်တစ်လျောက် ကောင်းစွာလှည့်ပတ်စီးဆင်းနိုင်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဈောင်းလျားသီး စားသုံးပေးခြင်းကြောင့် ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်ပြီး ဆံကေသာ ထူထဲလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

မျက်စိနာခြင်းအတွက် ကုသပေးခြင်း

စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဗီတာမင် B6 တို့ ပါဝင်တဲ့အတွက်ကြောင့် မျက်စိများ နီရဲရောင်ရမ်းပြီး မျက်စိနာခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အသားအရေအလှအပအတွက် အထောက်အကူပြုခြင်း

စောင်းလျားသီးက သွေးကို သန့်စင်ပေးပြီး အသားအရေကို Glow စေပါတယ်။ ဝက်ခြံနဲ့ အမဲစက်များကိုလည်း သက်သာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ မျက်နှာအဆီပြန်သူများ၊ ဝက်ခြံပေါက်သူများအနေနဲ့ စောင်းလျားသီးကို သဘာဝပေါင်းတင်နည်းအဖြစ် အသုံးပြုကာ မျက်နှာပေါ်မှာ ကပ်ထားနိုင်ပါတယ်။

Source: Stylecraze.com