ကြည်လင်နေတဲ့ ရေဟာ တကယ်တော့ စကြာဝဌာတစ်ခုလုံးရဲ့အသက်ပါပဲ။ လူတိုင်းက ရေဓာတ်ခမ်းခြောက်မှုရဲ့ အန္တရာယ်ကို ခံစားဖူးကြပေမယ့် ရေရဲ့ အကျိုးကျေးဇူးကိုတော့ သတိမမူမိကြပါဘူး။

ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွက် ရေရဲ့ အကျိုးရှိပုံကို ဝေမျှချင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းက ရေ နဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်။ အသားအရေ၊ တစ်ရှူး၊ ဆဲလ်တွေနဲ့ ကိုယ်အင်္ဂါတွေ စတာတွေက ရေနဲ့ ဖွဲ့စည်းထားတာပါ။

အသားအရေအတွက် ရေရဲ့ အရေးပါပုံ

တခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပါပဲ အသားအရေက ဆဲလ်တွေအများကြီးနဲ့ဖွဲ့စည်းထားပါတယ်။

ဒါ့ကြောင့် ဆဲလ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့က ရေလိုအပ်ပါတယ်။

ရေက အသားအရေရဲ့ စိုထိုင်းမှုကို ထိန်းချုပ်ပေးပြီး လိုအပ်တဲ့ အာဟာရတွေကို အသားအရေမှာရှိတဲ့ ဆဲလ်တွေကို သယ်ဆောင်ပေးပါတယ်။

ရေဓာတ်က အသားအရေမှာရှိတဲ့ တစ်ရှူးတွေကို အားဖြည့်ပေးတာကြောင့် အရေပြားရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်အားကို ကောင်းစေကာ အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေဖြစ်တဲ့ အရေအကြောင်းတွေဖြစ်ပေါ်မှုကို နှောင့်နှေးစေပါတယ်။

ရေအေးနဲ့ ရေချိုးတာ၊ Bath Taps နဲ့ ရေချိုးရင်

ရေအေးနဲ့ ရေချိုးတာ ဒါမှမဟုတ် Bath Taps ထဲမှာ စိမ်ပြီး ရေချိုးတာတွေက အသားအရေကို ပျက်စီးစေတဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။

Bath Taps နဲ့ ရေချိုးရင် ရေနွေးပူပူနဲ့ချိုးပြီးပါက ရေအေးလေးနဲ့ ၂ မိနစ်ကနေ ၃ မိနစ်ကြား စိမ်ပေးပါ။ ဒါက အသားအရေကို နုပျိုစေပါတယ်။

ရေအေးနဲ့ ရေချိုးလိုက်ရင် အသားအရေ ယားယံတာတွေနဲ့ အနီစက်တွေကို ပျောက်ကင်းစေပြီး မိတ်ကပ်လိမ်းနေကျ အသားအရေ ပြန်လည်စိုပြေဖို့ အကေင်းဆုံးပါဘဲ။

မျက်လုံးတွေ ရောင်ရမ်းနေရင်

ရေအေးက မျက်လုံး အောက်နှုတ်ခမ်းတွေ ရောင်ရမ်းတာကို ကျစေပါတယ်။ ရေအေးနဲ့ မျက်နှာသစ်ရင် မျက်လုံးရောင်ရမ်းတာကိုလည်း ကျစေပါတယ်။

ရေနဲ့ ပတ်သက်တဲ့ ရှေးဟောင်းကုသနည်း

ရေနွေးပူပူထဲကို မျက်နှာသုတ်ပဝါ နှစ်ပြီး ရေညှစ်ပြီး မျက်နှာသုတ်ပဝါ ပူပူလေးနဲ့ ကပ်ပေးရင် အညောင်းအညာတွေ ပြေစေပြီး အသားအရေ ကြည်လင်လှပစေပါတယ်။

Featured Image Source: York Medical Spa