အစား စားတဲ့အခါ တူနဲ့ ညှပ်စားချင်ပေမယ့် တူ မကိုင်တတ်လို့ စိတ်ညစ်နေပါသလား။ လိမ္မော်သီး၊ Grapefruit သီးတွေ ဖျော်ဖို့ ဖျော်စက် မရှိလို့ စိတ်ညစ်နေပါသလား။ ဟင်းသီးဟင်းရွက်များ ရက်ပိုင်းအတွင်း ညှိုးနွမ်းသွားလို့ စိတ်ညစ်နေပါသလား။

အထက်ဖော်ပြပါအခက်အခဲများကြောင့် စိတ်ရှုပ်နေရတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက ကူညီဖြေရှင်းပေးပါလိမ့်မယ်။

အစားအစာများကို တူနဲ့ ညှပ်စားတဲ့အခါ ခဏခဏ ချော်ထွက်နေလို့ စိတ်ညစ်နေပါသလား

တူတစ်ချောင်းရဲ့ အစွန်းတစ်ဖက်ကို အအေးသောက်တဲ့ ပိုက်ထဲ ထိုးထည့်လိုက်ပါ။ ကျန်တဲ့တူတစ်ချောင်းကိုလည်း အအေးပိုက်ထဲ ထိုးထည့်ထားလိုက်ပါ။ ရရှိလာတဲ့ တူဖြင့် အစားအစာများကို ညှပ်စားမယ်ဆိုရင်တော့ အစားအစာများ ချော်ထွက်သွားတော့မှာ မဟုတ်ပါဘူး။

လိမ္မော်သီး၊ Grapefruit သီးများကို ဖျော်စက်မသုံးဘဲ အလွယ်တကူ အရည်ညှစ်နည်း

အရင်ဦးဆုံး လိမ္မော်သီး၊ Grapefruit သီးများကို လှိမ့်ပေးလိုက်ပါ။

ထို့နောက် အသီးရဲ့ထိပ်ပိုင်းကို ဓားဖြင့် အပေါက်လေး ဖောက်လိုက်ပါ။

ပြီးရင်တော့ ဖန်ခွက်ထဲ အလွယ်တကူ အရည်ညှစ်ထည့်လိုက်လို့ရပါပြီ။

စတော်ဘယ်ရီယို အလွယ်တကူ ပြုလုပ်နည်း

ဖန်ပုလင်းထဲသို့ စတော်ဘယ်ရီသီး နှစ်လုံးကို အတုံးသေးသေးများ လှီးကာ ထည့်ထားလိုက်ပါ။ ထို့နောက် သကြား စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ပါ။ သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ထည့်လိုက်ပါ။

ထို့နောက် မိုက်ခရိုဝေ့ဖ်ထဲ ထည့်ကာ ၁၀ မိနစ်ခန့် အပူပေးလိုက်ပါ။

ဒါဆိုရင်တော့ အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ စတော်ဘယ်ရီယိုလေး ရရှိသွားပါပြီ။

ရွှေဖရုံသီးကို ကြာရှည်အထားခံအောင် ပြုလုပ်နည်း

ရွှေဖရုံသီးကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းပြီးနောက် မျက်နှာပြင်ပေါ်သို့ ဆားဖြူးလိုက်ပါ။ ထို့နောက် ပလပ်စတစ်ဖြင့် အုပ်ထားလိုက်ပါ။

ဆားဖြူးထားတဲ့ ရွှေဖရုံသီးနဲ့ ဆား မဖြူးထားတဲ့ ရွှေဖရုံသီးနှစ်မျိုးကို ယှဉ်ကြည့်မယ်ဆိုရင် ကွာခြားချက်ကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။

ဆလပ်ရွက်နဲ့ အခြားဟင်းသီးဟင်းရွက်များကို လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်အထားခံအောင် ပြုလုပ်နည်း

ဆလပ်ရွက်များကို ပုဝါတစ်ခုထဲ ထည့်ကာ လိပ်ထားလိုက်ပါ။

ထိုပုဝါကို ရေဖြင့် ပက်ဖြန်းထားလိုက်ပါ။

ပုံမှန်အတိုင်း သိမ်းဆည်းထားတဲ့ ဆလပ်ရွက်နဲ့ ပုဝါဖြင့် ပတ်ထားပြီး ရေဖြန်းထားတဲ့ ဆလပ်ရွက်နှစ်မျိုးကို ယှဉ်ကြည့်နိုင်ပါတယ်။

Source: 5-Minute Crafts