မြွေ စိမ်ထားတဲ့ ဝိုင်
ဒီလို အကောင်ပလောင်တွေ စိမ်ထားတဲ့ ဝိုင်တွေက အာရှ အထူးသဖြင့် တရုတ်နိုင်ငံမှာ ခေတ်စားပါတယ်။
မြွေနဲ့ ဆန်နဲ့လုပ်ထားတဲ့ ဝိုင်ပါ။ တချို့ မြွေတွေက အဆိပ်ရှိပေမယ့် Ethanol နဲ့လူကို ဘေးဥပတ်မဖြစ်အောင် လုပ်ထားပါတယ်။
ဒီလို မြွေစိမ်ထားတဲ့ အရက်တွေက လူတွေကို ပိုပြီး ကျန်းမာ၊ အားအင်ပြည့်ဝစေတယ်လို့ယုံကြည်ကြပါတယ်။
ထိုင်ဝမ်နိုင်ငံမှာလည်း မြွေစိမ်ထားတဲ့ ဝိုင်အရမ်းနာမည်ကြီးပါတယ်။
ကြွက်သားဟင်း
ကြွက်သားဟင်းကတော့ မြန်မာနိုင်ငံမှာ တော့ မထူးဆန်းပါဘူး။ လယ်ကြွက်ကြီးတွေကို ထန်းရည်နဲ့ မြည်းတာတို့တောင် ရှိနေတာပါဘဲ။
ဒါပေမယ့် အနောက်နိုင်ငံသားတွေအတွက်ကတော့ အထူးအဆန်းပေါ့နော်။
ဗီယက်နမ်၊ မော်လဝီ နဲ့ကင်ညာနိုင်ငံတို့မှာ ကြွက်သားဟင်းကို အဓိက ဟင်းလျာအဖြစ် စားသုံးကြပါတယ်။ ကြွက်သားဟင်းကို ကြော်၊ ကြပ်တိုက်၊ အခြောက်ကြော်တဲ့ ပုံစံမျိုးနဲ့ ချက်စားကြပါတယ်။
ပုရွက်ဆိတ် ဟင်း
Hormigas Culonas လို့ ခေါ်ပါတယ်။ တနည်းအားဖြင့်တော့ ပုရွက်ဆိတ် ဟင်းလျာပေါ့နော်။ ကိုလမ်ဘီယာ နိုင်ငံရဲ့ လမ်းဘေးဈေးတွေမှာနဲ့ စားသောက်ဆိုင်တွေမှာ ရောင်းချကြပါတယ်။
ကြော်ထားတဲ့ ကင်ထားတဲ့ ပုရွက်ဆိတ်ဟင်းကလည်း နာမည်ကြီးပါပဲ။