သြဇာသီးက Antioxidants နဲ့ ဗီတာမင်စီတို့ ကြွယ်ဝတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ Niacin ဓာတ်တို့လည်း ပါဝင်ပါသေးတယ်။

သြဇာသီး စတင်ပေါက်ရောက်ရာနေရာဒေသများကတော့ တောင်အမေရိက၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်းနဲ့ အာရှဒေသအချို့မှာ ပေါက်ရောက်လေ့ရှိပါတယ်။ သြဇာသီးက ကယ်လိုရီဓာတ်များပြားပြီး သဘာဝသကြားဓာတ်လည်း မြင့်မားစွာပါဝင်တာကြောင့် အချိုပွဲအနေနဲ့လည်း သုံးဆောင်နိုင်ပါသေးတယ်။

ထိုအသီးလေးက ပေးစွမ်းတဲ့ အကျိုးကျေးဇူးလေးတွေကိုရော စာဖတ်သူတို့ သိပြီးသွားကြပြီလား။

အသားအရေနဲ့ ဆံကေသာအလှအပအတွက် အထောက်အကူပြုခြင်း

ဗီတာမင်အေ ပါဝင်မှုကြောင့် သြဇာသီး စားသုံးပေးပါက ဆံကေသာ ကျန်းမာသန်စွမ်းပြီး အသားအရေလည်း လှပမယ့်အပြင် အမြင်အာရုံလည်း ကောင်းမှာပဲဖြစ်ပါတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးရာမှာ အစွမ်းထက်တဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေပါတယ်။ သြဇာသီးရဲ့ အပြင်အခွံက သွားဖုံးနာခြင်းနဲ့ သွားများဆွေးမြေ့ခြင်း၊ သွားပိုးစားခြင်းတို့ကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်တက်ချင်သူများအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးတစ်လုံးအဖြစ် စွမ်းဆောင်ပေးနိုင်

ပျားရည်နဲ့ သြဇာသီးကို ရောစောပေးမယ်ဆိုရင် အဆီပိုတွေ တက်လာမှာမဟုတ်ဘဲ ကျန်းကျန်းမာမာနဲ့ ဝိတ်တက်လာမှာပဲဖြစ်ပါတယ်။

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးသင့်

သြဇာသီးက သန္ဓေသားရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တင်ပေးပြီး အာရုံကြောစနစ်ကို အားကောင်းစေတဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သြဇာသီးကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျခြင်း၊ မီးဖွားချိန်မှာ နာကျင်မှု ပြင်းထန်ခြင်း စတဲ့ ပြဿနာများကို ကာကွယ်ပေးရာရောက်ပါတယ်။ ဒါ့အပြင် မွေးကင်းစကလေးငယ်လေးကို နို့ချိုတိုက်ကျွေးစဉ်မှာလည်း မိခင်နို့ရည် များများထွက်အောင်လည်း ကူညီပေးပါသေးတယ်။

အစာကြေဖို့အတွက် ကူညီပေးခြင်း

သြဇာသီးမှာပါဝင်တဲ့ အမျှင်ဓာတ်က အစာချေစနစ်ကို ကူညီပေးတာကြောင့် ဝမ်းချုပ်ခြင်းမှ ကင်းဝေးမှာပဲဖြစ်ပါတယ်။ သြဇာသီးအစေ့ကိုဖယ်ထုတ်ပြီး အသားကို အခြောက်ခံပေးလိုက်ကာ အမှုန့်ဖြစ်အောင် ကြိတ်ချေလိုက်ပါ။ ရရှိလာတဲ့ သြဇာအမှုန့်ကို ရေနဲ့ ဖျော်သောက်ပေးမယ်ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသပေးနိုင်ပါတယ်။

ဆီးချိုသမားများ ဘာ့ကြောင့် သြဇာသီးကို စားသုံးသင့်သလဲဆိုတော့

သြဇာသီးရဲ့ အမျှင်ဓာတ်က သကြားစုပ်ယူမှုပမာဏကို နှေးကွေးစေတာကြောင့် ဆီးချိုရောဂါ အဆင့် (၂) သို့ တိုးမသွားအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: stylecraze.com