စံပယ်ရေနွေးကြမ်းက သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို ကျန်းမာအေးငြိမ်းစေပါတယ်။ စံပယ်ပန်းပွင့်တွေနဲ့လုပ်ထားတဲ့ ရေနွေးကြမ်းက အရသာလည်းကောင်းသလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

ဘက်တီးရီယားတွေကို တိုက်ဖျက်ပေးနိုင်

စံပယ်ရေနွေးကြမ်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ Benzoic အက်ဆစ်၊ Benzyl Benzoate နဲ့ Benzaldehyde ဓာတ်တွေက ဘက်တီးရီးယား ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ဒီဓာတ်တွေပါဝင်တာကြောင့် စံပယ်ကို ခေါင်းလျှော်ရည်တွေနဲ့ Conditioners တွေမှာ ထည့်သုံးကြတာပါ။

အမာရွတ်တွေကို ပျောက်ကင်းစေ

Source: www.findhomeremedy.com

စံပယ် ရေနွေးကြမ်းက အမာရွတ်တွေ၊ ဝက်ခြံတွေ၊ ဒဏ်ရာတွေ စတာတွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

အသားအရေကို စိုစွတ်စေပြီး ရေဓာတ်ပြည့်ဝအောင်လည်းကူညီပေးနိုင်ပါတယ်။

သွေးဖိအားကို ထိန်းညှိပေး

Source: www.findhomeremedy.com

စံပယ်လက်ဖက်ရည်က ကိုလက်စထရောဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် သွေးဖိအားကိုလည်း ထိန်းညှိပေးတာကြောင့် သွေးတိုးတာကို ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် Catechin ကွန်ပေါင်း၊ Epidallocatechin Gallate ၊ Epicatechin Gallate ဓာတ်တွေပါဝင်တာကြောင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ကို တည်ငြိမ်စေ

Source: www.findhomeremedy.com

စံပယ်အနံ့က စိတ်ကို တည်ငြိမ်စေပြီး နှလုံးခုန်နှုန်းကို ကျဆင်းစေပါတယ်။ ခန္ဓာကိုယ်ရဲ့ စိတ်ကိုလည်း သက်တောင့်သက်သာဖြစ်စေပါတယ်။

ကိုယ်အလေးချိန်ကို ကျဆင်းစေ

Source: www.findhomeremedy.com

စံပယ် ရေနွေးကြမ်းက ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ Antioxidants ဓာတ်ကြွယ်ဝတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေကာ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။