ကန်စွန်းဥများမှာ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်နဲ့ အခြားသတ္တုဓာတ်များအပြင် Carotenes ဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ကန်စွန်းဥက အာလူးထက်စာရင် အမျှင်ဓာတ် ၂ ဆခန့် ပိုပါ ပါတယ်။ ဒါ့ကြောင့်လည်း ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။

အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ကန်စွန်းဥကို ဖျော်ရည်အဖြစ်သောက်သုံးဖူးပါသလား။ ကန်စွန်းဥဖျော်ရည်သောက်သုံးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကိုရော သိပြီးပါပြီလား။

သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေခြင်း

Source: rohtopia.com

ကန်စွန်းဥထဲမှာပါဝင်တဲ့ Carotene နဲ့ ဗီတာမင် B6 တို့က သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းညှိပေးပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါ မခံစားရအောင် ကူညီပေးနိုင်ပါတယ်။

အရိုးအဆစ်များ သန်မာစေခြင်း

သွားများ ကျန်းမာကြံ့ခိုင်စေဖို့၊ အရိုးအဆစ်များ သန်မာစေဖို့အတွက် ဗီတာမင်ဒီဓာတ်က မရှိမဖြစ် လိုအပ်ပါတယ်။ ထိုဗီတာမင်ဓာတ်များကို ကန်စွန်းဥထဲမှ ရယူနိုင်ပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ကန်စွန်းဥထဲမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အူလမ်းကြောင်းကို သန့်စင်ပေးပြီး အစာချေစနစ်ကောင်းမွန်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ခြင်းမှ ကင်းဝေးပြီး ဝမ်းမှန်စေပါတယ်။

အစာအိမ်အနာရောဂါကို သက်သာစေခြင်း

ကန်စွန်းဥထဲမှာပါဝင်တဲ့ ဗီတာမင်ဒီ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ Beta Carotene တို့က အစာအိမ်အနာ ခံစားရနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်အနာ ခံစားနေရတယ်ဆိုရင် ကန်စွန်းဥဖျော်ရည်ကို သောက်သုံးပေးလိုက်ပါ။

ရောင်ရမ်းမှုနဲ့ ရင်ပူခြင်းတို့ကို သက်သာစေခြင်း

Source: genesismedical.co.za

ကန်စွန်းဥဖျော်ရည်မှာ ရင်ပူခြင်း၊ ရင်ပြည့်ခြင်းတို့ကို သက်သာစေတဲ့ အစွမ်းသတ္တိများပါဝင်ပြီး ဗီတာမင်စီကတော့ ပြင်ပမှရောဂါပိုးမွှားများ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်မလာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဒဏ်ရာနာတရရှိပါကလည်း အမြန်ပျောက်ကင်းသက်သာအောင် ကူညီပေးပါသေးတယ်။

Source: Stylecraze.com