ဟင်းချိုထဲမှာ ဆားထည့်တာများသွားရင်
ဟင်းချိုထဲမှာ ဆားထည့်တာများသွားရင် အာလူးကို အခွံနွှာပြီး ဟင်းချိုထဲမှာ မိနစ်အနည်းငယ်လောက် ထည့်ထားပါ။ ဒါဆိုရင် ဆားတွေကို အာလူးက စုပ်သွားပါလိမ့်မယ်။
ဖျော်စက်ကို ဘယ်လို သန့်ရှင်းရေးလုပ်မလဲ
ဖျော်စက်ထဲကို ရေထည့်ပါ။ ပြီးရင် ဆပ်ပြာအနည်းငယ်ထည့်ပြီး မွှေလိုက်ပါ။ ရေဆေးလိုက်ရင် သန့်စင်တဲ့ ဖျော်စက်လေးရရှိမှာဖြစ်ပါတယ်။
သလဲသီးက အစေ့တွေကို ဘယ်လိုထုတ်မလဲ
သလဲသီးရဲ့ ထိပ်ပိုင်းကို ဖြတ်လိုက်ပါ။ သလဲသီးရဲ့ အလယ်ပိုင်းကို ဖြတ်လိုက်ပါ။ ဒါဆိုရင် အစေ့တွေကို အလွယ်တကူ ထုတ်လို့ရပါတယ်။
ပူနေတဲ့ မုန့်ကို ဘယ်လို ဓားနဲ့ လှီးမလဲ
ဓားကို ရေနွေးပူပူနဲ့ဆေးပြီးမှ ပူနေတဲ့မုန့်ကို လှီးရင် အရသာလည်း မထိခိုက်သလို အလွယ်တကူလည် ပြတ်ပါတယ်။
နာနတ်သီးကို မြန်မြန်မှည့်အောင် ဘယ်လိုလုပ်မလဲ
နာနတ်သီးရဲ့ ထိပ်ပိုင်းကို ဖြတ်ပြီး ထောင်ထားလိုက်ရင် မြန်မြန်မှည့်ပါတယ်။
ကီဝီသီးကို ဘယ်လို အလွယ်တကူ စားကြမလဲ။
ကီဝီသီးရဲ့ ထိပ်ပိုင်းနဲ့ အောက်ပိုင်းကို ဓားနဲ့ လှီးလိုက်ပါ။ ပြီးရင် ဇွန်းလေးနဲ့ ကလှော်စားလိုက်ရုံပါဘဲ။
ပိုနေတဲ့ ၀ိုင်တွေကို ဘယ်လိုလုပ်မလဲ
ဝိုင်တစ်ပုလင်းလုံးလည်း မကုန်ဘူး။ ၀ိုင်တွေကျန်နေတယ်ဆိုရင် ရေခဲ ခဲနေတဲ့ခွက်ထဲကို ၀ိုင်ထည့်ပြီး ခဲထားလိုက်ပါ။
ဟင်းချက်ပြီးနောက် ပေကျံနေတဲ့ အိုးကို ဘယ်လို ဆေးမလဲ။
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း သို့မဟုတ် ၃ ဇွန်းကို အိုးထဲထည့်ပြီး ရေအနည်းငယ်ထည့်ပါ။ ပြီးရင် ပွက်ပွက်ဆူအောင်လုပ်ပါ။ ဒါဆိုရင် ချွတ်ရခက်တဲ့ ပေကျံတဲ့အိုးတွေကို အလွယ်တကူ ဆေးလို့ရပါတယ်။