သင့်မီးဖိုချောင်ထဲမှာ ဟင်းချက်ပြုတ်ဖို့ရန်အတွက် အသုံးပြုနေတဲ့ ရှာလကာရည်က ဟင်းချက်ဖို့တစ်ခုတည်းအတွက် အသုံးဝင်တာမဟုတ်ပါဘူး။ သင့်ရဲ့ အလှအပရေးရာ၊ ကျန်းမာရေးနဲ့ နေ့စဉ်ဘဝအတွက်ပါ အဘက်ဘက်က အကျိုးပြုပေးနေတာပဲဖြစ်ပါတယ်။

ရှာလကာရည်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ဘက်စုံအသုံးပြုနိုင်မလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

သင့်အိမ်ရဲ့ အိမ်ထောင်ပရိဘောဂများကို သန့်ရှင်းတောက်ပြောက်နေအောင် ကူညီပေးခြင်း

Source: howtocleanthings.com

အိမ်ထောင်ပရိဘောဂတွေ မကြာခဏဖုန်တက်နေလို့ နေ့တိုင်းသန့်ရှင်းရေး လုပ်နေရတာ စိတ်ညစ်နေပြီလား။ ရှာလကာရည်ကို စပရေးအဖြစ်အသုံးပြုပေးနိုင်ပါတယ်။ ရှာလကာရည်ကို သံပုယိုရည်အဆီနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပရိဘောဂများ သန့်ရှင်းတောက်ပြောင်သွားမယ့်အပြင် အနံ့အသက်လည်း မွှေးပျံ့နေမှာပဲဖြစ်ပါတယ်။

အဝတ်စုတ်များကို သန့်ရှင်းတောက်ပြောင်သွားဖို့အတွက် ရှာလကာရည်ကို ဘယ်လိုသုံးရမလဲ

ရှာလကာရည်နဲ့ အိမ်သန့်ရှင်းရေးလုပ်ရအောင်

ရှာလကာရည်နဲ့ ရေတို့ကို သမအောင် ရောနှောပြီးတဲ့နောက်မှာ အဝတ်စုတ်ကို ထိုအရောအနှောထဲ ထည့်စိမ်ထားလိုက်ပါ။ ရှာလကာရည်က အညစ်အကြေးများကို စုပ်ယူပေးပါလိမ့်မယ်။

ယောဂဖျာမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးခြင်း

Source: Pinterest.com

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ ယောဂဖျာမှာ ချွေးတွေ ကပ်ငြိသွားတတ်ပါတယ်။ ထိုချွေးမှတဆင့် ဘက်တီးရီးယားများ ပေါက်ဖွားများပြားလာပါလိမ့်မယ်။ ဒါ့ကြောင့် ယောဂဖျာ အသုံးပြုပြီးတဲ့အချိန်တိုင်း ရှာလကာရည်ကို စပရေးကဲ့သို့ ဖြန်းပေးလိုက်ပါ။

တွန့်ကြေနေသော အဝတ်အစားများကို ပြန့်သွားအောင် ကူညီပေးခြင်း

မီးပူတိုက်ဖို့ အချိန်မရလို့ စိတ်မညစ်လိုက်ပါနဲ့။ တွန့်ကြေနေတဲ့ အဝတ်အစားပေါ်မှာ ရှာလကာရည်လေး ဖြန်းပေးလိုက်ပါ။ ခြောက်သွားတဲ့အခါ မီးပူတိုက်စရာမလိုဘဲ ပြန့်သွားပါလိမ့်မယ်။

ဖုန်း Screen နဲ့ ကွန်ပျူတာ Screen ကို သန့်ရှင်းတောက်ပြောင်သွားအောင် ကူညီပေးခြင်း

Source: storage-garage.me

ဖုန်း Screen နဲ့ ကွန်ပျူတာ Screen ပေါ်က လက်ဗေရာများကို ရှာလကာရည်လေးနဲ့ ပက်ဖြန်းပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။ သင့် ဖုန်းနဲ့ ကွန်ပျူတာက အသစ်အတိုင်း ဖြစ်သွားပါလိမ့်မယ်။

သင့် မီးဖိုချောင်ထဲက ရေခဲသေတ္တာ သန့်ရှင်းရေးလုပ်တဲ့အခါ အသုံးပြုနိုင်ခြင်း

Source: bhg.com

သင့် ရေခဲသေတ္တာက အစားအစာတွေ အမြဲတမ်း ထည့်သိမ်းထားရတဲ့နေရာပါ။ ဒါ့ကြောင့် ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောမယ်ဆိုရင် အန္တရာယ်များတတ်ပါတယ်။ ဒါ့ကြောင့် မတော်တဆ စားသုံးမိမယ်ဆိုရင်လည်း အန္တရာယ်မရှိနိုင်တဲ့ ရှာလကာရည်နဲ့ ဆေးကြောသန့်စင်ပေးလိုက်ပါ။

Source: Onegoodthingbyjillee.com