အင်္ကျီတွေ ဝတ်တဲ့အခါမှာ အမြဲ ချောင်ချောင်ကျနေလို့ စိတ်ညစ်နေပါသလား။ သဘာဝအတိုင်း ကိုယ်အလေးချိန် တက်စေမယ့် နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

အနီရောင် ရှိတဲ့ အသားတွေကိုစားပါ

အနီရောင်ရှိတဲ့ အသားတွေက ကိုလက်စထရောဓာတ်များပြီး ကိုယ်အလေးချိန်တက်ရာမှာ အဓိကအထောက်အကူဖြစ်ပါတယ်။

ပရိုတင်းဓာတ်နဲ့ သံဓာတ်တွေ ပါဝင်မှုများပါတယ်။

မြေပဲထောပတ်

မြေပဲထောပတ်မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်တွေပါဝင်နေပါတယ်။ မြေပဲထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းမှာ ကယ်လိုရီ ၁၀၀ လောက်ပါဝင်နေပါတယ်။ အဲ့ဒီအပြင် မြေပဲထောပတ်မှာ မဂ္ဂနီဆီယမ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် ဘီနဲ့ ဗီတာမင် အီးတို့ပါဝင်နေပါတယ်။

မနက်စာကို ပေါင်မုန့်ပေါ်မှာ မြေပဲထောပတ်လေးသုတ်ပြီး စားရင် ကိုယ်အလေးချိန်ကို တက်စေပါတယ်။

နွားနို့သောက်ပါ

နွားနို့ကလည်း ကိုယ်အလေးချိန်တက်စေဖို့ အဓိကကျပါတယ်။ အဆီထုတ်ထားတဲ့နွားနို့မဟုတ်ဘဲ တကယ့် သဘာဝအတိုင်း အဆီအနှစ်တွေပြည့်ဝနေတဲ့ နွားနို့ကို သောက်ပါ။

နွားနို့ တစ်ခွက်မှာ ဗီတာမင်မင်၊ အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ မနက်စာကို အုတ်ဂျုံနဲ့ နွားနို့ တွဲစားပေးရင် ကိုယ်အလေးချိန် တက်စေပြီး ကျန်းမာစေပါတယ်။

ချီစ်စားပါ

ချိစ်မှာ အဆီဓာတ်တွေ မြင့်မားစွာပါဝင်တာကြောင့် ချိစ်စားရင် ကိုယ်အလေးချိန်ကို တက်စေမှာဖြစ်ပါတယ်။