လူတွေဟာ အသက်ကြီးလာခြင်းကို မရှောင်ရှားနိုင်ပါဘူး။ ဒါပေမယ့် ကြည့်လိုက်တာနဲ့ နုပျိုစေနိုင်ဖို့တော့ ကြိုးစားလို့ ရပါတယ်။ အိုမင်းရင့်ရော်မှုကို ဘာနဲ့ တားဆီးနိုင်ပါသလဲ။ သင်စားနေတဲ့ အစားအသောက်တွေဆီကနေ အကူအညီရယူနိုင်ပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုတာ ကြည့်ကြစို့။

၁။ ပဲအမျိုးမျိုး

01-unexpected-foods-live-longer

အသက်ရှည်ရှည်နေလိုရင်ပဲ ဖြစ်ဖြစ် အိုမင်းရင့်ရော်ခြင်းကိုပဲ တားဆီးလိုရင်ပဲဖြစ်ဖြစ် ပဲ စားပါ။ အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့အတွက် အသက်ရှည်စေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ပဲကို ချက်စား၊ ကြော်စား၊ လှော်စား အားလုံး အကျုံးဝင်ပါတယ်။

၂။ အစေ့အဆန်

Walnuts

အစေ့အဆန်တွေဟာ ကျန်းမာရေးကို အကောင်းဆုံး ဖြစ်စေတဲ့ အရာတွေပါ။ အထူးသဖြင့် သစ်ကြားသီးတွေပါ။ တစ်ပတ်မှာ ၃ကြိမ် ဒါမှမဟုတ် ၂ကြိမ် စားပေးရုံနဲ့ ၃နှစ်လောက် အသက်ပိုရှည် တယ်လို့ BMC Medicibe အဖွဲ့က ထုတ်ပြန်ထားပါတယ်။ သစ်ကြားသီးတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချစေနိုင်ပြီး ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ မုန်လာဥနီ

02unexpected-foods-live-longer

မုန်လာဥနီဟာ ကျန်းမာစေနိုင်တယ်ဆိုတာ အံ့သြစရာတော့ ဟုတ်မယ်မထင်ပါဘူး။ ဒါပေမယ့် အသက်ရှည်စေရုံသာ မကဘဲ အရွယ်တင်နုပျိုမှုကိုပါ ပေးတယ်ဆိုတာ သိထားရပါမယ်။ မုန်လာဥနီ ဖျော်ရည်သောက်ပေးခြင်းဟာ အံ့သြစရာကောင်းအောင် အသားအရေလှစေပြီး အရွယ်တင် နုပျိုစေပါတယ်။

၄။ Sardines ငါး

03-unexpected-foods-live-longer

Omega-3 Fatty Acids ဟာ အသက်ရှည်စေဖို့ အတွက် အစွမ်းဆောင်နိုင်ဆုံး အရာပါ။ နှလုံးနဲ့ ဆီးချိုကို မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ငါးတွေဟာ အသက်ရှည်ဖို့ အတွက် အကူအညီ အပေးဆုံးဖြစ်ပြီး နုပျိုစေနိုင်ပါတယ်။ ဂျပန်လူမျိုးတွေ အသက်ရှည်စေခြင်းရဲ့ လျှို့ဝှက်ချက်ဟာ ငါးစားခြင်းကြောင့်ပါ။

၅။ ခရု

04-unexpected-foods-live-longer

ခရုတွေကို အစားများတာကတော့ ရခိုင်ဟင်းလျာတွေ အနေနဲ့ အစားများပါတယ်။ ကမ်းခြေတွေ သွားရင်တော့ ခရုသုပ်၊ ခရုစွပ်ပြုတ်တွေ စားကြပါတယ်။ ခရုကို ဆန်လှော်လေးနဲ့ အရည်သောက်လေး ချက်စားကြပါတယ်။ စားရတဲ့ ခရုနဲ့ မစားရတဲ့ ခရုတွေကိုတော့ သိထားဖို့ လိုပါလိမ့်မယ်။ ခရုတွေဟာ အနီရောင်အသားတွေထက် သံဓာတ်ပိုပြီး ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်ရှည် နေလိုပြီး အရွယ်တင်ချင်ရင်တော့ ခရုကို မေ့ထားလို့ မရပါဘူး။

၆။ အုန်းသီး

05-unexpected-foods-live-longer

ကျန်းမာစေတဲ့ အစားအစာတွေထဲမှာ အုန်းသီးလည်း ပါဝင်ပါတယ်။ Medium-Chain Fatty Acids ကို အုန်းသီးမှာ တွေ့နိုင်ပြီး အသက်အရွယ် ကြီးရင့်မှုကို နှေးကွေးစေပါတယ်။ အသက်ရှည် စေပြီး ကျန်းမာစေဖို့ဆို အုန်းသီးလည်း အကူအညီပေးနိုင်ပါတယ်။

၇။ ကန်စွန်းဥ

06-unexpected-foods-live-longer

ကန်စွန်းဥဟာ မျက်လုံးတွေ အတွက် ကောင်းမွန်စေနိုင်တဲ့ အစားအစာ ဖြစ်ကြောင်း သိမှာပါ။ ဆီးချိုနဲ့ ကင်ဆာ ဖြစ်စေဖို့ ရာခိုင်နှုန်း နည်းသွားပါတယ်။ သကြားဓာတ်နည်းတဲ့ အစားအစာ တစ်ခု ဖြစ်တာကြောင့် အသက်ပိုပြီး ရှည်စေနိုင်ပါတယ်။

၈။ ဝိုင်နဲ့ ချောကလက်

07-unexpected-foods-live-longer

ချောကလက်နဲ့ ဝိုင်တွေဟာ ဘဝအတွက် အကောင်းဆုံး အရာတွေပါပဲ။ dark chocolate တွေဟာ အရွယ်တင်စေဖို့ ကူညီနိုင်ပြီး တစ်ပတ်မှာ ဝိုင်နီ ၃ခွက် သောက်ပေးခြင်းဟာ အိုမင်းရင့်ရော် ခြင်းကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။