ပန်းသီးရှာလကာရည်ဟာဆိုရင် မြန်မာနိုင်ငံမှာ သိပ်ပြီးတော့လူသိမများလှသေးပေမယ့်လည်း နိုင်ငံတကာမှာတော့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။

နာကျင်ကိုက်ခဲတာ၊ ဝိတ်ကျချင်တာ စတဲ့ အချိန်တွေမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ပန်းသီးရှာလကာရည်က လူတိုင်းကို ကောင်းကျိုးပြုစေနိုင်တယ်ဆိုပေမယ့်လည်း အခုတစ်ခါမှာတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမှာ ဘယ်လိုဆေးစွမ်းထက်မလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဝက်ခြံကုသပေးခြင်း

မျက်နှာပေါ်က ကြည့်ရဆိုးလှတဲ့ ဝက်ခြံတွေကို နှုတ်ဆက်နိုင်ဖို့အတွက် ပန်းသီးရှာလကာရည်က ကူညီပေးပါလိမ့်မယ်။ ချွေးပေါက်တွေကို ပိတ်ဆို့နေစေတဲ့ ဆဲလ်သေများကိုလည်း ဖယ်ရှားပစ်မှာဖြစ်ပါတယ်။

၂။ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း

2. Eases Arthritis Pain

နာကျင်မှု၊ တောင့်တင်းမှု၊ ရောင်ရမ်းမှု၊ ဖောရောင်မှုနှင့် နီရဲမှုတွေကို ဖြစ်ပေါ်ခံစားရစေတဲ့ အဆစ်အမြစ်ရောင်ရောဂါကို ကုသဖို့အတွက်ဆိုရင် ပန်းသီးရှာလကာရည်က အလွန်ကိုဆေးစွမ်းထက်ပါတယ်။

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည်နဲ့အတူ ရေနွေးနွေးလေးထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်မျှထည့်လိုက်ပြီး သေချာမွှေကာ တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ သောက်သုံးပေးနိုင်ပါတယ်။

၃။ ကိုယ်အလေးချိန်လျော့ကျစေခြင်း

အဆီပိုတွေမရှိဘဲ ကျစ်လစ်လှပတဲ့ ကိုယ်ခန္ဓာလေးကို ထိန်းသိမ်းချင်တယ်ဆိုရင် ပန်းသီးရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။ ကိုယ်တွင်းကအဆီပိုများ အထူးသဖြင့် ဗိုက်ခေါက်အဆီတွေကို လောင်ကျွမ်းပစ်စေနိုင်တဲ့ အစွမ်းထက်သတ္တိများပေါင်းစပ်ပါဝင်နေပါတယ်။

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေဖန်ခွက်တစ်ခွက်ထဲမှာရောမွှေကာ တစ်နေ့လျှင် နှစ်ကြိမ်၊ မနက်တစ်ခါ ညနေတစ်ခါ နေ့စဉ်မှန်မှန်သောက်သုံးပေးပါ။

၄။ ကိုယ်တွင်းအင်္ဂါယားယံခြင်း

မိန်းကလေးတွေ အထူးဂရုတစိုက်ရှိရတဲ့ ကိုယ်တွင်းအင်္ဂါ ယားယံတဲ့အခါ၊ ကျိန်းစပ်စပ်ဖြစ်နေတဲ့အခါ နေရထိုင်ရတာ အင်မတန်သက်သောင့်သက်သာမရှိလှပါဘူး။ ဒီလိုပြဿနာများအတွက် ပန်းသီးရှာလကာရည်က အဖြေတစ်ခုဖြစ်နိုင်ပါတယ်။

ယားယံခြင်းတွေကို ပျောက်ကင်းစေနိုင်ရုံသာမက ကိုယ်တွင်းအင်္ဂါရှိ pH Balance ကိုပါ ပြန်လည်ထိန်းသိမ်းစေနိုင်ရန် ကူညီပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့်အတူ ရေနွေးဖန်ခွက်တစ်ခွက်ထဲထည့်ပြီးတော့ ရောမွှေပါ။ တစ်နေ့လျှင် နှစ်ကြိမ်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးပါ။

၅။ ဆံကေသာကို တောက်ပြောင်သန်စွမ်းစေခြင်း

အမျိုးသမီးတို့ဘုန်း ဆံထုံးဆိုသလိုပဲ ဆံကေသာကျိုးကြေပျက်စီးကြမ်းတမ်းနေရင် အသွင်အပြင်ဟာ ဘယ်လိုမှ ကြည့်မကောင်းနိုင်တော့ပါဘူး။ ကိုယ့်ရဲ့ဆံကေသာလေးကို မည်းမှောင်သန်စွမ်းစေဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ပန်းသီးရှာလကာရည်အသုံးပြုကြည့်ပါ။

ပန်းသီးရှာလကာရည် ခွက် လေးပုံတစ်ပုံကို ရေနှစ်ခွက်နဲ့ရောကာ ခဏဘေးဖယ်ထားပါ။ ခေါင်းလျှော်ရည်နဲ့အရင်ခေါင်းလျှော်ကာ ပန်းသီးရှာလကာရည်အရောကို ခေါင်းမှာလိမ်းလိုက်ပါ။ ဦးရောပြားအတွင်းထိ သေချာနှိပ်နယ်ပေးပြီးတော့ ၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။ တစ်ပတ်လျှင် ၁ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

Source: top10homeremedies.com