ပန်းသီးရှာလကာရည်က အစာခြေစနစ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒီအပြင် အက်ဆစ်ဓာတ်များတာတို့၊ Heartburn တို့ကိုလည်း သက်သာစေပါတယ်။ အဲ့ဒီအပြင် စားလိုက်တဲ့အစားအစာတွေထဲကနေ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ သတ္တုဓာတ်တွေ ပိုစုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေနွေးနွေး လက်ဖက်ရည်ဇွန်း ၁၆ ဇွန်း
  • ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဲဇွန်း ၂ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

Apple Cider Vinegar ကို ရေနွေးနွေးထဲထည့်ပါ။ ပျားရည်ထည့်ပါ။ ပျားရည်ရေထဲမှာ ပျော်ဝင်သွားတဲ့အထိ မွှေလိုက်ပါ။ ပြီးရင် မနက်မိုးလင်းအိပ်ယာထချိန်မှာ သောက်ပေးပါ။