အသက်ကြီးလာလို့ဘဲဖြစ်စေ၊ ကိုယ်ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် အသုံးပြုလိုက်လို့ဘဲ ဖြစ်စေ ဒူးတွေ၊ အဆစ်တွေ နာတတ်ပါတယ်။

ဒီလို ဒူးအဆစ်တွေနာတာကို ဆေးရုံဆေးခန်းပြသသင့်သလို သဘာဝနည်းနဲ့လည်း တဖက်က သက်သာအောင် လုပ်လို့ရပါတယ်။

ပန်းသီးရှာလကာရည်ကို သုံးမယ်

ပါဝင်ပစ္စည်းများ

ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ရေနွေးနွေး ၁ ခွက်

 

ပုလုပ်နည်း

ပန်းသီး ရှာလကာရည် ၂ ဇွန်းကို ရေ ဖန်ခွက် ၁ ခွက်စာနှင့် ရောပြီး သေချာ မွှေပေးပါ။

တစ်နေ့ကို ၂ ခွက် နေ့စဉ် သောက်ပါ။ ထမင်းမစားခင် သောက်လျှင်ပိုကောင်းပါတယ်။

ပန်းသီးရှာလကာရည်ကို အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း နှင့်ရောပြီး နာနေသည့် ဒူးကို လိမ်းပေးပါ။

ပန်းသီးရှာလကာရည်မှာ Acetic အက်ဆစ်ဓာတ်ပါဝင်တာကြောင့် ရောင်ရမ်းတာကို ကျစေပြီး နာကျင်မှုကို သက်သာ စေပါတယ်။