ပင်ပျော့ပင်ငယ်မျိုး ဖြစ်သော ကညွတ်ပင်တို့သည် မိုးဦးကျ ရာသီစာ ဟင်းသီးဟင်းရွက်ဖြစ်ကာ တန်ဘိုးလည်း ကြီးသဖြင့် လူအများ အမြတ်တနိုး ဝယ်ယူ စားသုံးကြရသည်။ မြန်မာနိုင်ငံ စွတ်စို ထိုင်းမိူင်းသော အရပ်၊ တောင်ပေါ်ဒေသနှင့် အေးသောအရပ်ဒေသတို့တွင် စိုက်ပျိုး ဖြစ်ထွန်း သည်။
ချိုစိမ့်သော အရသာရှိပြီး အပင်စို့ပေါက်ကို ပြုတ်၍လည်းကောင်း၊ ဓားပြားရိုက်၍လည်းေ ကာင်း ကြော် ချက်၍ စားသုံးနိုင်သည်။ အဖူးကို ရေနွေးဖျော၍ ချဉ်ရည်ချက်စားနိုင်သည်။ ကညွတ် ထဲတွင် ဘေးဖြစ်စေသော ကိုလက်စထရော နှင့် အဆီ လုံး၀ ကင်းစင်ရုံသာမက၊ ဗီတာမင်နှင့် သတ္တုဓာတ် တို့ကြွယ်ဝ၍ လူသားတို့ကျန်းမာရေးကို လွန်စွာထောက်ကူဖြစ်စေသည်။ အပူပေး ချက်ပြုတ် စားခြင်းထက် အစိမ်းလိုက်စားခြင်းက ပိုမိုဆေးစွမ်းထက်မြက်စေသည်။ အဖြူ နှင့် အစိမ်း နှစ်မျိုးရှိရာ၊ အစိမ်းရောင် ကညွတ်က ပိုမိုဆေး ဘက်ဝင်သည်။

(၁) ကညွတ်ထဲတွင် Asparagine (ခေါ်) အမိုင်နိုအက်ဆစ် တစ်မျိုးပါရှိသည့်အတွက် ဆီးရွှင်ေ ဆးအဖြစ် အသုံးဝင်၏။ ထို့ပြင် ဒူလာပါဒရက်၊ လေးဘက်နာ၊ ဖောယောင်ခြင်းတို့အ တွက် လည်း အစွမ်းထက်မြက်သည်။ ဆီးပူ၊ ဆီးအောင့်နှင့် သည်းခြေရော ဂါများအတွက် အပင်မြစ်ရ ည်ကို ပျားရည်၊ နွားနို့တို့ဖြင့် ရောသောက်၍သော်လည်းကောင်း၊ အဆိပ်အမျိုးမျိုးသင့်ေ သာရောဂါနှင့် ဆီးကျောက်တည်ခြင်းအတွက် အပင်မြစ်ရည်ကို နွားနို့ဖြင့်ဆတူရောသောက် ၍သော်လည်းကောင်း ပျောက်ကင်းနိုင်သည်။

(၂) ကညွတ်ထဲရှိ ဓာတ်ပေါင်းစုတို့သည် ခန္ဓာကိုယ် ရောင်ရမ်းနာအမျိုးမျိုးနှင့် ပန်းနာရင် ကျပ်ဝေဒနာသည်တို့ကို ကောင်းကျိုးပြု သည်။

(၃) အမေရိကန်နိုင်ငံရှိ UCLA Medical Center မှ အစားအစာသုတေသီများ၏ ကောက်နှုတ် ချက် အရ အစာချေစံနစ်ကို ကောင်းမွန် စေကာ ဝမ်းဗိုက်မှအဆီကျစေသည်ဟုဆို၏။

(၄) ဗီတာမင်ကေ နှင့် Osteocalcin (ခေါ်) အရိုးတစ်ရှုးအတွက် ပရိုတင်းအားဖြည့်ဓာတ်တစ် မျိုးပါရှိ၍ အရိုးပွခြင်းနှင့် အရိုးအဆစ် ရောင်ရမ်းနာများကို ကာကွယ်ပေးသည်။

(၅) ဖောလိပ်နှင့် ဗီတာမင်ဘီဓာတ်ပေါင်းစု ပါရှိခြင်းတို့ကြောင့် နှလုံးကို ကျန်းမာစေ ၏။ နှလုံးေ ရာဂါတို့အပြင် နှလုံးနှင့်ပတ်သက် သော လေဖြတ်ခြင်းလည်း မဖြစ်စေပါ။

(၆) အမျိုးသမီးများ သားဖွားပြီးနောက်၊ ဖောလိပ်ဓာတ်ချို့ယွင်း၍ ကျောရိုးနာဗ့်ေ ကြာ ရော ဂါခံစားရလေ့ရှိသည်။ ထိြုပသနာမှ ကင်း ဝေးအောင် ကိုယ်ဝန်သည်များနှင့် သားသမီးယူရန် အစီအစဉ်ရှိသော မိခင်လောင်းများ ဖောလိတ်ကြွယ်ဝသော ကညွတ်ကို ကြိုတင်စားပေးသင့် သည်။ မျိုးအောင်သောဆဲလ်များကို အထောက်အပံ့ပေးကာ လမစေ့ခင်ကလေးမီးဖွားခြင်း နှင့် အာရုံကြော အားနည်းခြင်းတို့မှ ကာကွယ်ပေးသည်။ အမြစ်ပြုတ်စားခြင်း (သို့မဟုတ်)ကညွ တ် နှင့် နွားနို့တို့ရောကာ နို့ထမင်းချက်စား ခြင့်ဖြင့် သွေးသန့်၍ မ-ခွန်အားအမြန်ြ ပည့်စေသည်။

(၇) သွေးထဲရှိ သကြားပမာဏကို မျှခြေဖြစ်စေ၍ သွေးချို ရောဂါသည်များ ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည်။

(၈) ဗီတာမင်အေ ကြွယ်ဝသော အစိမ်းရောင်ကညွတ်ကို စားသုံးပေးခြင်းဖြင့် မျက်စေ့အတွင်း တိမ် နှင့် အမြင်အာရုံထဲတွင် အမဲစက် ပြောက်များ မြင်ခြင်းမှ သက်သာပျောက်ကင်းစေသည်။

(၉) Glutathione (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိခြင်းကြောင့် အရေပြား ကို ကောင်းကျိုးပြုကာ၊ နေလောင်ခြင်းနှင့် အသက်ကြီးလာ၍ အသားအရေညစ်ခြင်းတို့မှ ကာ ကွယ်ပေးသည်။

(၁၀) ကညွတ်ထဲရှိ အကျိုးပြုဓာတ်ပေါင်းစုတို့သည် အမှတ်-၂ ဆီးချို ရောဂါကို ကာကွယ်ေ ပးသည်။

(၁၁) သွေးပေါင်မြင့်တက်ခြင်းမှ ထိရောက်စွာကာကွယ်ပေးနိုင်သည်။

(၁၂) အမျှင်ဓာတ် အရင်းအမြစ်ဖြစ်သောကညွတ်ကို စားသုံးခြင်းဖြင့် အစာေ ကျ၊ လေကျေေ စပြီး၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မား လာစေသည်။

(၁၃) Inulin (ခေါ်) ကစီဓာတ်တစ်မျိုးပါရှိသည့်အတွက် ဝမ်းမချုပ်စေဘဲ အူကိုသန့်စင်စေကာ အူမကြီးကင်ဆာမဖြစ်စေပါ။ ထို့ပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အလုံအလောက်ပါရှိသည့် အတွက် ဆီးအိမ်၊ ရင်သား၊ အဆုတ်၊ မမျိုးဥ နှင့် အမျိုးသားများ သုက်ရည်ဂလင်းကင်ဆာတို့မှ ထိထိရောက်ရောက် ကာကွယ်ပေးသည်။

(၁၄) ကညွတ်ပင်၏ ပုံသဏ္ဍာန်သည် အထီးလိင်အင်္ဂါနှင့် ခပ်ဆင်ဆင်တူ၍၊ ပြင်သစ်ဘာသာ စကား အရ ကညွတ်ကို Asperge (ဝါ) ကျားလိင်အင်္ဂါ ဟု ခေါ်သည်။ သဘာ၀ ကျားခွန် အားဖြ စ်စေသဖြင့် အမျိုးသားများအားထားလောက်သည်။

(၁၅) ကညွတ်ထဲတွင် Glumatic, Glycine နှင့် Cysteine ဟူသော အစွမ်းထက်မြက်သည့် အမိုင်နိုအက်ဆစ် (၃)မျိုး ပါရှိသည့်အတွက်၊ အရွယ်တင်နုပျိုစေသည်။

(၁၆) အဆစ်အမြစ်ရောင်ကိုက်ခဲခြင်းနှင့် လေရောဂါ တို့အတွက် ကညွတ်မြစ်ဥအရည်ကို ကျိုချက်၍ရလာသောအဆီဖြင့် ကို ကောင်းစွာကုသနိုင်၏။

ကင်ဆာအတွက် ကညွှတ်များ

နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက်အတွက်ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော် တွေ့ခဲ့ဘူးတယ်။ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ် ကင်ဆာဂျာနယ်ကနေ မိတ္တူကူးထားတဲ့စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။

စာရွက်ကအကြောင်းအရာကတော့Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ)ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။

ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ်။ ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီသူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ တော်တော်များများရှိခဲ့ပါတယ်။

အဲ့ဒါတွေကတော့ –

၁။လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက် မဲ့လုနီးပါး ဖြစ်နေပြီး ဗုံးဗုံးလဲနေပြီဖြစ်ပါတယ်။ ကညွှတ်ကုထုံးနဲ့ တစ်နှစ် ကုသအပြီးမှာတော့ ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်း မပေါ်လာတော့ပါဘူး။ နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။

၂။ အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ် စီးပွားရေးသမား တစ်ယောက်ဟာ ဆီးကြိတ်တည်တဲ့ကင်ဆာကို ခံစားနေရတာ ၁၆ နှစ် ရှိပြီဖြစ်ပါတယ်။ နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်း တို့နဲ့ ကုသခဲ့ပေမယ့်လည်း တိုးတက်လာခြင်း မရှိပါဘူး။ နောက်ဆုံး ၃ လအတွင်း ကညွှတ်ကုထုံးနဲ့ ကုပြီးနောက် စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်တွေ ပျောက်သွားပြီး ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ ဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။

၃။ လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။ ၁၉၇၁ မတ်လ ၅ ရက်နေ့မှာ ခွဲစိတ်ကုသခဲ့ရာမှာ ရောဂါဟာ အလွန်ရင့်ပြီး အမြစ်များဟာ တော်တော် ပြန့်နေတဲ့အတွက် ခွဲစိတ်လို့မရခဲ့ပါဘူး။

ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု ခံယူခဲ့ပါတယ်။ သြဂုတ်လမှာ ဓါတ်မှန် ရိုက်ကြည့်တဲ့အခါမှာ ကင်ဆာလက္ခဏာ ပြနေတာတွေဟာ ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လုပ်နိုင်ခဲ့ပါတယ်။

ပြုလုပ်နည်း
ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်အောင် ကြိတ်ပါ။ ထိုကညွှတ်ရည်ကို ရေခဲသေတ္တာထဲ ထည့်ပြီး လူနာအား တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကိုမနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။