[Unicode]

စာမေးပွဲတွေ ဖြစ်ရတော့မယ့် အချိန်က နီးလို့ လာပါပြီ။ ညီငယ်၊ ညီမငယ်တွေအတွက် စာဆိုတာ မတည့်တဲ့ အရာတစ်ခုလိုပါပဲ။ အနားနီးလေ ဖတ်ထားသမျှတွေ မေ့လေဆိုတာ ဖြစ်တတ်ကြပါတယ်။

အတတ်နိုင်ဆုံး စိတ်ကို အတည်ငြိမ်ဆုံးထားပြီး အကောင်းဆုံး ပြင်ဆင်ထားနိုင်ရင်တော့ အဆင်ပြေပါတယ်။ ရှောင်သင့် ဆောင်သင့်တဲ့ အစားအစာတွေကိုလည်း သိထားရင် ပိုပြီး ကြိုတင်ပြင်ဆင်နိုင်ပါလိမ့်မယ်။

မှတ်ဉာဏ်ကောင်းစေဖို့အတွက် ရှောင်သင့်တဲ့ အစားအစာတွေကို မျှဝေပေးပါမယ်။

ပင်လယ်စာ

Source: saboreandocanarias.com

ပင်လယ်စာတွေထဲမှာ ပုဇွန်၊ ဂဏန်းနဲ့ ဂုံးလို အစားအစာတွေဟာ အခန့်မသင့်ရင် ဝမ်းဗိုက် ပြဿနာ ရှိနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ပုံကို နှောင့်ယှက် ပေးပါလိမ့်မယ်။ ဒါပေမယ့် တူနာငါးနဲ့ ဆယ်လ်မွန်ငါးတွေကိုတော့ တစ်ပတ်မှာ ၃ကြိမ်လောက် စားပေးသင့်ပါတယ်။

ဆီကြော်စာ

Source: Evolve Weight Loss Experts

ဆီကြော်စာတွေဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက် ပေးနိုင်တဲ့ အစားအစာအဖြစ် သုတေသနပညာရှင်တွေက ပြောကြပါတယ်။ အာလူးကြော်လို အစားအစာတွေဟာ စားပြီးရင်း စားချင်နေပြီး ဦးနှောက်ကို ထုံထိုင်းစေနိုင်ပါတယ်။

အချိုများတဲ့ အစားအစာ

Source: fitnesskocum.com

ဖုတ်ထားတဲ့ကိတ်မုန့်တွေဟာ အချိုဓာတ်များလွန်းတတ်ပါတယ်။ အချိုများတဲ့ အစားအစာတွေကို စားခြင်းဟာ သင်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

အငံများလွန်းတဲ့ အစားအစာ

Source: hellosehat.com

ဆိုဒီယမ် များလွန်းတဲ့ အစားအစာတွေဟာ ဦးနှောက်ကို လေးလံထိုင်းမှိုင်းစေနိုင်တဲ့ အတွက် မစားသင့်ပါဘူး။

[Zawgyi]

စာေမးပြဲေတြ ျဖစ္ရေတာ့မယ့္ အခ်ိန္က နီးလို႔ လာပါၿပီ။ ညီငယ္၊ ညီမငယ္ေတြအတြက္ စာဆိုတာ မတည့္တဲ့ အရာတစ္ခုလိုပါပဲ။ အနားနီးေလ ဖတ္ထားသမွ်ေတြ ေမ့ေလဆိုတာ ျဖစ္တတ္ၾကပါတယ္။

အတတ္ႏုိင္ဆံုး စိတ္ကို အတည္ၿငိမ္ဆံုးထားၿပီး အေကာင္းဆံုး ျပင္ဆင္ထားႏိုင္ရင္ေတာ့ အဆင္ေျပပါတယ္။ ေရွာင္သင့္ ေဆာင္သင့္တဲ့ အစားအစာေတြကိုလည္း သိထားရင္ ပိုၿပီး ႀကိဳတင္ျပင္ဆင္ႏုိင္ပါလိမ့္မယ္။

မွတ္ဥာဏ္ေကာင္းေစဖို႔အတြက္ ေရွာင္သင့္တဲ့ အစားအစာေတြကို မွ်ေ၀ေပးပါမယ္။

ပင္လယ္စာ

Source: saboreandocanarias.com

ပင္လယ္စာေတြထဲမွာ ပုဇြန္၊ ဂဏန္းနဲ႔ ဂံုးလို အစားအစာေတြဟာ အခန္႔မသင့္ရင္ ၀မ္းဗုိက္ ျပႆနာ ရွိႏိုင္ၿပီး ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ပုံကို ေႏွာင့္ယွက္ ေပးပါလိမ့္မယ္။ ဒါေပမယ့္ တူနာငါးနဲ႔ ဆယ္လ္မြန္ငါးေတြကိုေတာ့ တစ္ပတ္မွာ ၃ႀကိမ္ေလာက္ စားေပးသင့္ပါတယ္။

ဆီေၾကာ္စာ

Source: Evolve Weight Loss Experts

ဆီေၾကာ္စာေတြဟာ ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ခ်က္ကို အေႏွာင့္အယွက္ ေပးႏုိင္တဲ့ အစားအစာအျဖစ္ သုေတသနပညာရွင္ေတြက ေျပာၾကပါတယ္။ အာလူးေၾကာ္လို အစားအစာေတြဟာ စားၿပီးရင္း စားခ်င္ေနၿပီး ဦးေႏွာက္ကို ထံုထိုင္းေစႏုိင္ပါတယ္။

အခ်ိဳမ်ားတဲ့ အစားအစာ

Source: fitnesskocum.com

ဖုတ္ထားတဲ ့ကိတ္မုန္႔ေတြဟာ အခ်ိဳဓာတ္မ်ားလြန္းတတ္ပါတယ္။ အခ်ိဳမ်ားတဲ့ အစားအစာေတြကို စားျခင္းဟာ သင္ယူမႈကို အေႏွာင့္အယွက္ ျဖစ္ေစႏုိင္ပါတယ္။

အငံမ်ားလြန္းတဲ့ အစားအစာ

Source: hellosehat.com

ဆိုဒီယမ္ မ်ားလြန္းတဲ့ အစားအစာေတြဟာ ဦးေႏွာက္ကို ေလးလံထိုင္းမွိဳင္းေစႏုိင္တဲ့ အတြက္ မစားသင့္ပါဘူး။