ဒီတခေါက်မှာတော့ ဆူရှီကို ဝက်ပေါင်ခြောက်နဲ့ ထောပတ်သီးတို့နဲ့ထည့်ပြီး လိပ်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ (၇ လိပ်စာ)

ရှမ်းဆန် ၅ ခွက် စာ

လှော်ထားပြီးသား နှမ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေညှိ ၇ ရွက်

ဝက်ပေါင်ခြောက် ၁၄ ခု (ကြော်ထားပါ၊ အရမ်း မကြွပ်ပါနဲ့)။

Mayonnaise

ထောပတ်သီး ကို အခွံခွာပြီး၊ အတုံးအရှည်လေးတွေ တုံးထားပါ။

သခွားသီး ၁လုံးကို အခွံခွာပြီး အရှည်လေးတွေ လှီးထားပါ။

နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆူရှီ ထမင်းအတွက်

ဆန် ရှာလကာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း

သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

(သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့် ၃၀ လောက်ထည့်ပြီး အပူပေးပါ။)

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Sauce အတွက်

Wasabi Sauce

ပဲငံပြာရည် Sauce

ပြုလုပ်နည်း

ဇလုံကြီးကြီးထဲကို ရှမ်းဆန်၊ ဆန် ရှာလကာရည်၊ သကြားရည်၊ ဆားတို့နဲ့ နှမ်းတို့ကို ထည့်နယ်ပါ။

ထမင်းလိပ်တဲ့ ဝါးအပြားပေါ်မှာ ပင်လယ်ရေညှိကို ခင်းထားလိုက်ပြီး ထမင်းကို ရေညှိပေါ်မှာပါးပါးလေး တင်လိုက်ပါ။ ရေညှိရဲ့ ၉ ၀ ရာခိုင်နှုန်းလောက်တင်လိုက်ပါ။

ထမင်းပြီးရင် ၂ ဝက်ပေါင်ခြောက်ချောင်း ၊ Mayonnaise ၊ ထောပတ်သီး ၂ ချောင်း ၊ သခွားသီး ၂ ချောင်း တို့ကို တင်လိုက်ပါ။

ထမင်းကို လိပ်လိုက်ပါ။ ထမင်းလိပ် အရောင်တောက်တောက်လေးလိုချင်ရင် နှမ်းဆီကို ထမင်းလိပ်ရဲ့ အပြင်လွှာကို သုတ်ပေးပါ။

ဒါဆိုရင် အရသာရှိတဲ့ ထောပတ်သီး၊ ဝက်ပေါင်ခြောက် ထမင်းလိပ်ရပါပြီ။

Photos Credit: MyKorea Kitchen