မီးဖိုချောင်သုံး မုန့်ဖုတ်ဆိုဒါက ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်ရာမှာ ထည့်သုံးရတဲ့ အကူပါဝင်ပစ္စည်းတစ်ခုဆိုတာထက် ပိုပါတယ်။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုရင် သူ့ကို ကျန်းမာရေး၊ အိမ်သန့်ရှင်းရေး စတဲ့နေရာတွေမှာ ဘက်စုံအသုံးပြုနိုင်လို့ပဲဖြစ်ပါတယ်။

ဒါဆိုရင် မုန့်ဖုတ်ဆိုဒါကို ဟင်းချက်ပါဝင်ပစ္စည်းအနေနဲ့သာမက ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးတည့်အောင် အသုံးပြုနိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို ဆေးကြောသန့်စင်နိုင်ခြင်း

Source: Indiatimes.com

ယနေ့ခေတ် အစားအစာများက ဓာတုပိုးသတ်ဆေးများ အသုံးပြုထားတဲ့အတွက်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမှာ ကပ်ငြိနေတဲ့ ထိုဓာတုပိုးသတ်ဆေးများကို ဖယ်ရှားဖို့အကောင်းဆုံးနည်းလမ်းကတော့ ရေနဲ့ မုန့်ဖုတ်ဆိုဒါတို့ကို သမအောင်ဖျော်ထားတဲ့ ပျော်ရည်ထဲ ၁၂ မိနစ်မှ ၁၅ မိနစ်ခန့် စိမ်ထားပေးရုံပါပဲ။

ငွေထည်ပစ္စည်းများကို အရောင်တောက်ပလာအောင် စွမ်းဆောင်ပေးခြင်း

Source: Wrappedinrust.com

ဒယ်အိုးထဲသို့ အလူမီနီယံစက္ကူတစ်ချပ်ထည့်လိုက်ပါ။ ရေတစ်ခွက်၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရှာလကာရည် စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ထည့်ကာ ပွက်ပွ့်ဆူလာအောင် တည်ပါ။ ထို့နောက် မိမိ အရောင်တင်ချင်သော ငွေထည်ပစ္စည်းများ ထည့်ကာ ၁ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ သင့်ငွေထည့်ပစ္စည်းက တမဟုတ်ချင်းအရောင်တောက်ပြောင်လာတာကို မြင်တွေ့ရပါလိမ့်မယ်။

ချွေးနံ့ဆိုးများကို ဖယ်ရှားပေးခြင်း

လူသားတွေရဲ့ ချွေးနံ့က တကယ်တမ်းတော့ အနံ့မရှိပါဘူး။ ဘက်တီးရီးယားကြောင့် ချွေးရဲ့မော်လီကျူးတွေက ပြိုကွဲသွားပြီး အနံ့အသက် ဆိုးလာရခြင်းဖြစ်ပါတယ်။ ချိုင်း (ဂျိုင်း) ချွေးနံ့ကြောင့် မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းလာရတယ်ဆိုရင်တော့ ချိုင်းကြားအသားအရေကို မုန့်ဖုတ်ဆိုဒါ အနည်းငယ် ပုတ်ပေးလိုက်ပါ။

သိသာထင်ရှားတဲ့ ထူးခြားချက်ကို တွေ့မြင်ရပါလိမ့်မယ်။

ခံတွင်းသန့်စင်ဆေးရည်အဖြစ် အသုံးပြုနိုင်ခြင်း

Source: Cargurus.com

ခံတွင်းကျန်းမာရေးကလည်း လူသားတွေရဲ့နေ့စဉ်ဘဝအတွက် အရေးကြီးပါတယ်။ စာဖတ်သူအနေနဲ့ မွှေးပျံ့တဲ့ခံတွင်းရနံ့လေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဖန်ခွက် တစ်ခွက်ထဲသို့ ရေနွေးနွေး တစ်ဝက်ခန့် ထည့်ပါ။ ထို့နောက် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ပြီး သမအောင် မွှေလိုက်ပါ။ ပြီးရင် ထိုရည်ဖြင့် အာလုပ်ကျင်းပေးလိုက်မယ်ဆိုရင် ခံတွင်းထဲရှိ ဘက်တီးရီးယားများကို ဖယ်ရှားလိုက်တာကြောင့် ခံတွင်းရနံ့လေး သင်းပျံ့လာပါလိမ့်မယ်။

Source: Healthline.com