ကျွဲကောသီးက ဈေးနှုန်းသက်သာပေမယ့် သူ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အများကြီးပါပဲ။

ကင်ဆာကို ကာကွယ်ပေးနိုင်

ကျွဲကောသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ကာကွယ်ပေးပါတယ်။ Free Radicals တွေကလည်း ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ကျွဲကောသီးမှာပါဝင်တဲ့ Antioxidants တွေက Free Radicals တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

Antioxidants တွေပါဝင်

ကျွဲကောသီးမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ Antioxidants တွေက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲကို ဆိုးကျိုးပေးနိုင်တဲ့ Free Radicals တွေဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။

အပူကန်တာတွေ၊ အပူဖုပေါက်တာတွေကို ကုသပေးနိုင်

ကျွဲကောသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် အပူကန်တာတွေ၊ အပူဖုပေါက်တာတွေကို လျော့ပါးပျောက်ကင်း စေပါတယ်။

ခန္ဓာကိုယ်ကို လန်းဆန်းစေ

ကျွဲကောသီးရဲ့ ချဉ်၊ ချို အရသာနဲ့ ရေဓာတ်ပါဝင်မှုတွေက ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ဒါ့ကြောင့် ရာသီဥတု ပူပြင်းရင် ကျွဲကောသီး စားသင့်ပါတယ်။

ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးနိုင်

ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေလည်းပါဝင်နေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ထဲရှိ ကိုယ်အင်္ဂါတွေအတွက် အထူးသင့်တော်ပါတယ်။