ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဖယ်ရှားကာ ကိုယ်အလေးချိန်ထိန်းညှိတဲ့ နည်းလမ်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်ကစပြီး ခေတ်စားလာခဲ့တာပဲဖြစ်ပါတယ်။ အဆိပ်အတောက်ဖယ်ရှားပေးတဲ့ Detox ဖျော်ရည်ထဲမှာ လူကြိုက်အများဆုံး ဖျော်ရည်ကတော့ ပန်းသီးရှာလကာရည်ပဲဖြစ်ပါတယ်။

ပန်းသီးရှာလကာ Detox ဖျော်ရည် ပြုလုပ်ဖို့အတွက်ဆိုရင်…..

 

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်းခန့်နဲ့ ရေ ၈ အောင်စခန့် လိုအပ်ပါလိမ့်မယ်။ ချိုတဲ့အရသာ ရရှိချင်တယ်ဆိုရင်တော့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်းခန့် ထပ်ထည့်ပေးနိုင်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ ပန်းသီးရှာလကာ Detox ဖျော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့…

ကိုယ်အလေးချိန် လျော့ချပေးခြင်း

ပန်းသီးရှာလကာရည် သောက်သုံးခြင်းက အစား စားချင်စိတ်ကို လျော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းညှိချင်သူများအတွက် အထူးသင့်တော်တဲ့ ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။

အသားအရေလှပစေခြင်း

ပန်းသီးရှာလကာရည်က ခန္ဓာကိုယ်ထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် သင့် အသားအရေ မည်းညစ်ခြင်းမှ ကင်းဝေးပြီး ကြည်လင်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ဝမ်းဗိုက်ထဲမှာ ဘာအစာမှမရှိဘဲ မစားသင့်တဲ့ အစားအစာများ

အစား စားပြီးတဲ့အချိန်တိုင်း အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း စတဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို အမြဲလိုလို ခံစားနေရတာလား။ ဒါဆိုရင်တော့ ပန်းသီးရှာလကာရည် Detox ဖျော်ရည်လေးကို သောက်သုံးပေးလိုက်ပါ။

ကိုယ်ခံစွမ်းအား တိုးမြှင့်ပေးခြင်း

ရာသီအကူးအပြောင်းမှာ ခုခံအား ကျဆင်းတတ်ပြီး ခန္ဓာကိုယ်က အားနည်းသွားပြီး ရောဂါဘယများ တစ်ခုပြီး တစ်ခုဝင်လာတတ်ပါတယ်။ ကိုယ်ခံအားမြင့်တင်ပေးဖို့အတွက်ဆိုရင်တော့ ပန်းသီးရှာလကာရည်က ကူညီပေးပါလိမ့်မယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

Apple Cider Vinegar

 

ဆီးချိုသမားများအနေနဲ့ အစားစားတဲ့အချိန်တိုင်း ပန်းသီးရှာလကာ Detox ဖျော်ရည်ကို သောက်သုံးပေးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပန်းသီးရှာလကာရည်ကို သောက်သုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ် မြင့်မားခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။

Source: medicalnewstoday.com