အစားအစာတိုင်းက လူသားတွေကို တစ်နည်းမဟုတ် တစ်နည်း အကျိုးပြုနေကြတာပါ။ တချို့အစားအစာတွေဆိုရင် အခွံရော၊ အစေ့ပါ စားသုံးလို့ရပါတယ်။ ဥပမာ- ပန်းသီးကို အခွံခွာစားတာထက် အခွံနဲ့ စားတာက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။ ပိန္နဲသီးဆိုရင်လည်း သူ့ရဲ့အစေ့ကို ပြုတ်စားမယ်ဆိုရင် အင်မတန်အရသာရှိတဲ့ အစားအစာတစ်မျိုး ဖြစ်သွားပြန်ပါတယ်။

ထောပတ်သီးရဲ့ အစေ့ကရော သင့်ကို ဘယ်လိုအကျိုးပြုပေးနိုင်တယ်ဆိုတာကို သင် သိပြီးပါပြီလား။

ထောပတ်သီးအစေ့က လူကိုအန္တရာယ်ဖြစ်စေတဲ့ မျက်စိနဲ့မမြင်နိုင်သော ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။ ထိုအစေ့ကို အသုံးပြုမယ်ဆိုရင် အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အသုံးဝင်ပါတယ်။

ထောပတ်သီးအစေ့ကို ဘယ်လိုအသုံးပြုရမလဲ။

ထောပတ်သီးအသားများ စားပြီးသွားလို့ အစေ့ပဲ ကျန်တော့တဲ့အခါ ထိုအစေ့ကို မလွှင့်ပစ်ဘဲ နေရောင်အောက်မှာ အခြောက်ခံလိုက်ပါ။ ခြောက်သွားပါက ခြစ်ခုံနဲ့ခြစ်ပြီး အမှုန့်များရလာအောင် ပြုလုပ်ရပါမယ်။ အမှုန့်များရလာပါက Oven ထဲမှာ မီးအပူချိန် နည်းနည်းလေးဖြင့် တစ်နာရီကြာအောင် ထည့်ထားရပါမယ်။ ထောပတ်သီးအစေ့ကို ဒီအတိုင်းအသုံးပြုလို့တော့ မရပါဘူး။

ရရှိလာတဲ့ထောပတ်သီးအမှုန့်ကို အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေနဲ့ အသုံးပြုပေးနိုင်ပါတယ်။

ကြေးချွတ်ဖို့အတွက်

ထောပတ်သီးအမှုန့်ကို ကော်ဖီ အကြမ်းမှုန့်နဲ့ ရောနှောလိုက်ပါ။ ထို့နောက် ပင်လယ်ဆား ထပ်ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။ ပြီးရင်တော့ အသားအရေပေါ်မှာ ညင်သာစွာ သုတ်လိမ်းပေးလိုက်ပါ။ အသားအရေညစ်နွမ်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ကြေးချွတ်နည်းပဲဖြစ်ပါတယ်။

မျက်နှာပေါင်းတင်ချင်တယ်ဆိုရင်

ထောပတ်သီးအမှုန့်ကို ရေ၊ ရွံ့စေးတို့ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။ ပြီးရင်တော့ ရေဓာတ်ထိန်း ခရင်မ် (Moisturizing ခရင်မ်) လိမ်းပေးရပါမယ်။

ဆံပင်ပေါင်းတင်ချင်တယ်ဆိုရင်

Source: healthimpress.com

ထောပတ်သီးအမှုန့်ကို ရေနဲ့ မိနစ် ၃၀ ခန့် ဆူပွက်အောင် တည်ပေးလိုက်ပါ။ ရေနွေးဆူသွားပါက ရေစစ်နဲ့ စစ်ထုတ်လိုက်ပါ။ ထို့နောက် အအေးခံပြီးနောက် ထိုရေနဲ့ ခေါင်းလျှော်ပေးလိုက်လို့ရပါပြီ။

Source: Brightside.me