မြွှေဟောက်က မြွှေအမျိုးအစားတွေထဲမှာဆိုရင် အန္တရာယ်အရှိဆုံး၊ အဆိပ်အပြင်းဆုံး မြွှေတွေထဲမှာပါဝင်နေပါတယ်။

တစ်ဖက်မှာလည်း မြွှေဟောက်သားနဲ့ မြွှေဟောက်အဆိပ်က ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိနေပါတယ်။

အရေပြားဆိုင်ရာ ရောဂါတွေအတွက်

မြွေဟောက်သားက အရေပြား ရောဂါတွေဖြစ်တဲ့ နှင်းခူ၊ ပွေး၊ ယားနာ စသည့် အရေပြားဆိုင်ရာ ရောဂါတွေအတွက် ကောင်းပါတယ်။

ပန်းနာရင်ကြပ်အတွက်

ပန်းနာရင်ကြပ်ရောဂါရှိသူတွေကလည်း မြွှေဟောက်သားကို စားရင် ပန်းနာရင်ကြပ်ကို သက်သာစေပါတယ်။ မြွေဟောက်သားကို ကင်စား၊ ကြော်စားကြပါတယ်။

အသည်းရောဂါကို သက်သာစေ

မြွေဟောက်သည်းခြေက အသည်းရောဂါကို သက်သာစေတာကြောင့် သည်းခြေကို ကြော်စား၊ ချက်စားကြပါတယ်။

အနာသက်သာစေ

မြွေဟောက်အဆိပ်က မော်ဖိန်းထက်တောင် အနာသက်အောင် ကူညီပေးနိုင်ကြောင့်စင်ကာပူ အမျိုးသား တက္ကသိုလ်ရဲ့ သုတေသနအရ တွေ့ရှိခဲ့ပါတယ်။

သွေးတိုးကျစေ

မြွေဟောက် အသားမှာ Acidic PLA2 အဆိပ်တစ်မျိုးပါဝင်ပြီး အဲ့ဒီအဆိပ်က သွေးတိုးကို ကျစေပါတယ်။

အသားအရေ ချောမွတ်စေ

မြွေဟောက်သားက အသားအရေကို ချောမွတ်စေပါတယ်။ မြွေဟောက်သားက အသားအရေကို ဖြူစေပြီး အမည်းစက်တွေကို သက်သာစေကာ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။

မြွေဟောက်သားမှာ ပါဝင်တဲ့ အာဟာရများ

မြွေသားက တခြား ဆိတ်သား၊ အမဲသားတွေလိုပါဘဲ ပရိုတင်းဓာတ်တွေကြွယ်ဝပြီး၊ အဆီ၊ ကယ်ဆီယမ်နဲ့ Phosphrous ဓာတ်တို့ လည်း ကြွယ်ဝပါတယ်။