နွေရာသီလည်းရောက်လာပြီဆိုတော့ ကမ်းခြေသွားပြီး ဂဏန်းလေးစားလိုက်ရရင် ရှယ်ဘဲနော်။ ဂဏန်းက အရသာရှိရုံသာမက အာဟာရဓာတ်တွေလည်း ကြွယ်ဝပါတယ်။

ခွန်အားဖြစ်စေ


ဂဏန်းမှာ ဗီတာမင် B12 ဓာတ်၊ Fatty အက်ဆစ်နဲ့ အမိုင်နိုအက်စစ် ပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်တွေကို အာေးကာင်းစေပါတယ်။ ပရိုတင်းဓာတ်လည်းပါဝင်တာကြောင့် ခွန်အားဖြစ်စေပြီး အပင်ပန်းခံနိုင် Stamina လည်း ကောင်းစေပါတယ်။

အနာအကျက်မြန်

ပရိုတင်းဓာတ်၊ ဗီတာမင် B12 ၊ ဇန့်၊ သတ္တုဓာတ်တွေပါဝင်တာကြောင့် အနာအကျက်မြန်စေပါတယ်။ ဒါဆိုရင် ပင်လယ်ရေအောက်မှာ ငုံ့ရင်း ပွန်းပဲ့မှုတွေဖြစ်လာရင် အနာအကျက်မြန်ဖို့ ဂဏန်းကြီးဘဲ ဖိစားနော်။
Omgea3 Fatty အက်ဆစ်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

နှလုံးရောဂါအတွက်ကောင်းမွန်

နှလုံးရောဂါကို ကာကွယ်ပေးမယ့် အစားအစာများ
Omega3 ဓာတ်ပါဝင်မှုများတာကြောင့် မကောင်းတဲ့ကိုလက်စထရောတွေကို သွေးကြောထဲကနေ ဖယ်ရှားပေးပါတယ်။ အဲ့ဒီအပြင် Selenium ဓာတ်လည်းပါဝင်တာကြောင့် သွေးကြောဆဲလ်တွေကို ပျက်စီးမှုကနေလည်း ကာကွယ်ပေးပါတယ်။

ဦးနှောက်ဉာဏ်ရည်ကောင်းမွန်


နွားနို့လိုပဲ ဂဏန်းမှာ Omega 3 Fatty အက်စစ်တွေအများကြီးပါဝင်နေပါတယ်။ ဒီဓာတ်က ဦးနှောက်စဉ်းစားနိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။

မျက်လုံးကျန်းမာရေးအတွက်ကောင်းမွန်

မျက်လုံးအားကောင်းဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ
ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်

Free Radicals တွေက ကင်ဆာရောဂါကို အဖြစ်အများဆုံးပါဘဲ။ ဂဏန်းမှာ ပရိုတင်းဓာတ်၊ Omega 3 ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် Free Radicals တွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။